နှစ်ပေါင်းငါးရာခန့်က ရေထဲမြုပ်သွားသော ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူရရှိရန် သိပ်မလိုတော့ကြောင်း

နှစ်ပေါင်းငါးရာခန့်က ရေထဲမြုပ်သွားသော ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူရရှိရန် သိပ်မလိုတော့ကြောင်း အဆိုပါခေါင်းလောင်းဆယ်ယူရေးတာဝန်ခံမှ ကတိပြုပြောကြားသွားခဲ့ပါတယ်။



ကျနော်တို့ ရိုးရာကိုလည်းမမေ့ဘူးပေါ့နော်

ခေတ်နဲ့အညီ သိပ္ပံပညာရှင်တွေလည်း ခေါ်ထားပါတယ်

နာဆာက ထိပ်တန်းပညာရှင်တွေကလည်း ကမ္ဘာ့အံ့ဖွယ်တစ်ခုဖြစ်လာမယ့် ဒီခေါင်းလောင်းတော်ကြီး ပြန်ဆယ်လို့ရဖို့ကို ငွေအား လူအား ပညာအားစိုက်ထုတ်ပြီး အားသွန်ခွန်စိုက် ကြိုးစားပေးနေပါတယ်။

ရိုးရာအတွက်ကတော့ နဂါးဝင်စားတဲ့ သမီးလေးစုလှိုင်ဝင်းနဲ့ သူ့အဒေါ် မအေးသောင်းတို့ ဦးစီးပြီး မိရိုးဖလာအစဉ်အလာမပျက် လုပ်စရာရှိတာလုပ်နေပါတယ်

အခုဆို ကျနော်တို့ ရေအောက် စူးစမ်းမယ့် ဓာတ်ခွဲခန်းတစ်ခုရေအောက်မှာပဲ တည်ဆောက်ထားပါတယ်

နဂါးနန်းတော်ရာကိုလည်းတွေ့ပါပြီ

လှေကားထစ်ပေါင်း ကိုးရာကိုးဆယ်ကိုးထစ်ရှိပါတယ်

နဂါးမင်းခိုအောင်းရာလို့ ယူဆရတဲ့ ရွှေရောင်တွင်းကြီးတစ်ခုလည်းတွေ့ထားပါတယ်

နဂါးမင်းကြီးက ခေါင်းလောင်းတော်ကြီးကို အဲ့ဒီတွင်းထဲမှာ သိမ်းဆည်းထားလိမ့်မယ်လို့ ယူဆထားပါတယ်

သိပ္ပံပညာအရလည်း ကြေးသတ္တု ထုထည်ကြီးကြီး ဒီတွင်းထဲမှာရှိတယ်လို့ ထောက်လှမ်းရထားပါတယ်

ကျနော်တို့ ဖေဖော်ဝါရီ 30 ရက်နေ့လောက် ကျိန်းသေ ခေါင်းလောင်းကြီးဆယ်ယူရလိမ့်မယ်လို့ ကတိပေးနိုင်ပါတယ်

ဒီစကားအတွက်ကျနော်တာဝန်ယူပါတယ်ဟု အဆိုပါ တာဝန်ခံချုပ် ဦးစံလင်းမှပြောကြားသွားပါတယ်

ရှယ်ပေးကြပါအုံးနော်…

မြန်မာတိုင်းအတွက် ဂုဏ်ယူစရာပါ။ အပန်းမကြီးရင် ဝေဖန်အကြံပြုချက်လေးရေးပေးသွားပါ။

ပုံမှာ မစုလှိုင်ဝင်း ရိုးရာပွဲအတွက်လုပ်နေပုံ

နာဆာရဲ့ရေအောက် ဓာတ်ခွဲခန်း

လှေကားထစ်များ

နဂါးမင်းရွှေရောင်တွင်းပေါက်ကြီး

Credit….

ဖတ်ကြည့်ပြီး နည်းနည်း အပန်းပြေသွားတယ်တော့ လုပ်လိုက်..။