အနုပညာရပ်ဝန်း

စိုင်းစိုင်းနဲ့ ပက်သက်လို့ “ကိုယ့်ဘက်က ဘာစိတ်မှ မရှိပါဘူး” ဆိုတဲ့ ဖြူဖြူထွေး

ဖေ့စ်ဘွက်လူမှုကွန်ယက်တွင် မထင်မှတ်ပဲ ဝေဖန်မှုတွေ ထွက်ပေါ်လာနေတဲ့ ဖြူဖြူးထွေးကို စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက် ဝေဖန်နေမှုများတွင် သူမဘက်ကတော့ ဘာစိတ်မှ မရှိပါဘူး လို့ ဖြူဖြူထွေးက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က ပွဲတစ်ခုကို တက်ရင်း ဖြူဖြူးထွေးက စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ရိုက်ခဲ့တဲ့ [...]

သရုပ်ဆောင် မေသန်းနု၏ ခြံဝင်းတံခါးကို မာစီဒီးကားဖြင့် တိုက်ဖွင့်ကာ ခြံဝင်းအတွင်း ဝင်ရောက်ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရုပ်ရှင်သရုပ်ဆောင် မေသန်းနု၏ ခြံဝင်းတံခါးကို အသက် ၅၀ ခန့်အရွယ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက မာစီဒီးကားဖြင့် တိုက်ဖွင့်ကာ ခြံဝင်းအတွင်း ရှိ မေသန်းနု၏ Alphard ယာဉ်ကို ထုရိုက်ဖျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) ရဲတပ်ဖွဲ့ထံမှ သိရသည်။ [...]

ဗိုက်ပူတယ်လို့ ပြောတဲ့ပရိတ်သတ်အတွက် ဝိတ်ချပေးနေတဲ့ နေထူးနိုင်

နယ်ပရိတ်သတ် အချစ်တော် သရုပ်ဆောင်နေထူးနိုင်က ဗိုက်ပူရင်ကြည့်မကောင်းဘူး ပြောတဲ့ ပရိတ်သတ်တွေအတွက် ကြိုးစားပြီး ဝိတ်ချပေးနေတယ်လို့ ဆိုလာပါတယ်။ နယ်ကြိုက်ကားများဖြင့် လူသိများနေတဲ့ သရုပ်ဆောင်နေထူးနိုင်ငံ ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ဖြန့်ချိထုတ်လုပ်ရေးများကိုလည်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ အားပေးတဲ့ပရိတ်သတ်တွေရှိသလို ဝေဖန်မှုတွေလည်း ခံနေရတဲ့ နေထူးနိုင်ငံက ဖေဝန်ခံနေရတဲ့ ခန္ဓာကိုယ်ကို [...]

မွေးနေ့မှာ ဘုရားသွားခဲ့ကြတဲ့ ခိုင်သင်းကြည်တို့ မိသားစု

အကယ်ဒမီခိုင်သင်းကြည်နဲ့ သမီးလေးတို့ကတော့ မွေးနေ့မှာ စောစော ရွှေတိဂုံဘုရားတက်ပြီး ဖူးခဲ့ကြတာ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ရဲ့ မွေးနေ့မှာ ဘုရားသွားတဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် တင်ထားသည်ကို တွေ့ရသည်။ “Happy Birthday အချစ် စိတ်ချမ်းသာကိုယ်ကျန်းမာပါစေမိသားစုနဲ့ အတူမွေးနေ့ ပေါင်းများစွာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ” လို့ ရေးသားထားတာ [...]

လူကြီးရောဂါနဲ့နာတာရှည် ဖခင်ကြီး ဒါရိုက်တာခင်ဇော်ကို ခြံဝန်းထဲ လှည့်လည်ပြီး ပြုစုကုသိုလ်ယူနေတဲ့ ဒါရိုက်တာ မိုက်တီး

လူကြီးရောဂါနဲ့နာတာရှည် ဖခင်ကြီး ဒါရိုက်တာခင်ဇော်ကို ခြံဝန်းထဲ  လှည့်လည်ပြီး ပြုစုကုသိုလ်ယူနေတဲ့ ဒါရိုက်တာ မိုက်တီးက သူ့ဖခင်က သူ့ဘဝမှာ တဦးတည်းသောဆရာ တဦးတည်းသောအဖေ တဦးတည်းသော #ခလေး …လို့ တင်စားထားတာ တွေ့ရပါတယ်။ Oasis Journal လူကြီးရောဂါနဲ့နာတာရှည် ဖခင်ကြီး ဒါရိုက်တာခင်ဇော်ကို ခြံဝန်းထဲ  [...]

သူတပါးမိသားစုကိုဖျက်ဆီးရင် ကာမေသုမိစ္ဆာစာရကံ ပြန်ခံရမယ်လို့ ချမ်းချမ်း ရင်ဖွင့်

အနုပညာရှင်လမ်းကြောင်းပေါ်ကို အခက်အခဲတွေနဲ့လျှောက်လှမ်းခဲ့ရပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် သူမ ချစ်မြတ်နိုးစွာ တည်ဆောက်ခဲ့တဲ့အိမ်ထောင်ရေးက လေးနှစ်သက်တမ်းအရောက်မှာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပြဿနာတွေကြောင့် သူမကိုချစ်တဲ့ပရိသတ်တွေမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် သူမရဲ့ စတုတ္ထမြောက် တေးစီးရီးဖြစ်တဲ့ ‘သို့ … ချစ်နေတုန်းပဲ’ အမည်ရှိ တကိုယ်တော်တေးစီးရီးမိတ်ဆက်ပွဲကို ဒီဇင်ဘာ ၁ [...]

‘ထောင်ကျနေစဉ်အတွင်း ထောင်ထဲမှာ ရည်းစားတစ်ယောက် ရသွားခဲ့တဲ့ ရဲတိုက်’

မူးယစ်ဆေးဝါးမှုနဲ့ မကြာသေးခင်ကမှ ထောင်က လွတ်လာခဲ့တဲ့ မင်းသားရဲတိုက်က လွတ်လာချိန်ကစပြီးခုချိန်ထိ အင်တာဗျူးများစွာဖြေဆိုခဲ့ပေမယ့် ထောင်ထဲကအတွေ့အကြုံတွေအကြောင်းကိုတော့ ပရိတ်သတ်စိတ်မကောင်းဖြစ်မှာစိုးလို့ ဆိုပြီး မပြောပြခဲ့ဘဲ သူမိန်းမယူတော့မှ သူ့မိန်းမကို ပြောပြမယ်လို့ ဆိုခဲ့ပါတယ် ။ မိန်းမယူမယ်လို့ ပြောတဲ့ ရဲတိုက်က ခုချိန်မှာ ချစ်သူရှိနေပြီလားဆိုတာ ပရိတ်သတ်တွေ စိတ်ဝင်စားတဲ့မေးခွန်းတစ်ခုဖြစ်လာပါတယ် [...]

“ရူးနေတာ မဟုတ်ပါဘူး” ဆိုတဲ့ ကျောင်းသူလေး ဖြူဖြူထွေး

ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ အားလုံး သတိထားမိသွာကြတဲ့ ဆယ်လီလေး ဖြူဖြူထွေးတစ်ယောက်ကတော့ ပေါနေတာမဟုတ်ဘူး၊ ရူးနေတာလည်း မဟုတ်ဘူး သူမရဲ့ ဝါသနာကို မထိန်းချုပ်နိုင်တာ လို့ ဆိုလာပါတယ်။ အညာသူလေးတစ်ယောက်ဖြစ်ပေမယ့် ရန်ကုန်မှာကျောင်းတက်နေရင်း သူများနဲ့မတူတဲ့ ဟာသဖျော်ဖြေမှု ဗွီဒီယိုဖိုင်များကြောင့် လူသိများ အောင်မြင်လာခဲ့သူ ဖြစ်သည်။ ဝေဖန်မှုတွေကြောင့် ဟာသဗွီဒီယိုဖိုင်လေးတွေ [...]

အေးအေးဆေးဆေးပဲ နေချင်လို့ ဇာတ်ကား မရိုက်တော့တာ ဆိုတဲ့ မေသက်ခိုင်

သရုပ်ဆောင် မေသက်ခိုင်က အေးအေးဆေးဆေးပဲ နေချင်တာကြောင့် ဇာတ်ကားတွေ မရိုက်ဖြစ်တော့တာလို့ ပရိတ်သတ်ကို ပြောပြလာပါတယ်။ လွန်ခဲ့တဲ့ နှစ်များက ရုပ်ရှင်ကားများ၊ ဗွီဒီယိုကာများနှင့် ပိုစတာများတွင် နာမည်တစ်လုံး ရပြီး နေရာယူခဲ့တဲ့ မင်းသမီး မေသက်ခိုင်တစ်ယောက် အနုပညာလောကနှင့် ဝေးသွားတာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပါတယ်။ သူဘာကြောင့် ကားတွေ [...]

ဝိတ်ချနည်းနဲ့ အသည်းကွဲဝေဒနာ ကုစားနည်းကို မျှဝေတဲ့ စံရတီမိုးမြင့်

ဇာတ်ကားရိုက်ကူးမှုနှင့် အနည်းငယ်အလှမ်းဝေးနေချိန် တွင်   ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၃၀ မှ ၁၁၃ ပေါင်အထိ ဝိတ်ချ ခဲ့ကြောင်း သရုပ်ဆောင် စံရတီမိုးမြင့်က ပြောသည်။ ‘‘သဲကျန်းမာရေး သိပ် မကောင်းတဲ့အတွက် ခဏလေး နားတာပါ။ အခုတော့ ပြန်လုပ်နေ ပါပြီ။ သဲထမင်းလျှော့စားတယ်။ [...]