Home Blog

စိန်နန်းတော်ရဲ့ပွဲလေးကို လိုက်ဖက်ညီစွာအတူတူတက်ရောက်လာကြတဲ့ အောင်ရေချမ်းနဲ့ခေးဆက်သွင်တို့နှစ်ယောက်

ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့ကြတဲ့ မင်းသားချော အောင်ရေချမ်းနဲ့ မင်းသမီးချော ခေးဆက်သွင်တို့နှစ်ယောက်ကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ သူတို့နှစ်ယောက်က သရုပ်ဆောင်ပိုင်းမှာ ဇာတ်ရုပ်ကို ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက အားပေးနေရတာပဲ ဖြစ်ပါတယ်။ အောင်ရေချမ်းဆိုရင်လည်း ” ပျားရည်အိုင်၊ ကျွန်မက မဟေသီ” ဆိုတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ အတော်လေးရေပန်းစားအောင်မြင်ခဲ့သလို ခေးဆက်သွင်ကလည်း “နှင်းဆီ” ဇာတ်လမ်းတွဲလေးနဲ့ လက်ရှိမှာအောင်မြင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ စိန်နန်းတော်ရတနာဆိုင်ရဲ့ တောင်ငူအရောင်းပွဲတော်လေးကိုလည်း အောင်ရေချမ်းနဲ့ ခေးဆက်သွင်တို့က အတူတူတက်ရောက်ခဲ့ကြပါတယ်။ အခုလည်း ခေးဆက်သွင်က ” စိန်နန်းတော်ရဲ့ တောင်ငူအရောင်းပွဲတော်မှာ မင်းမျိုးနွယ်နဲ့ နှင်းဆီတို့ တွေ့ကြရာဝယ် စကားမစပ် စိန်နန်းတော်က နှင်းဆီနဲ့ ပတ်သတ်တဲ့ ရတနာ တွေပဲဆင်တော့လိုချင်နေပါပြီနော် ချစ်ရင် ဝယ်ပေးကြ We loveတို့ဒါပဲ ” ဆိုပြီး ပုံလေးတွေကိုတင်ထားပါတယ်။...

သီချင်းအသစ်လေးကို ”နောင်တမရပါစေနဲ့”လို့ အမည်ပေးလိုက်တဲ့ ဆိုဖီယာ

ဆိုဖီယာက အခုဆိုရင်တော့ ဂီတဖျော်ဖြေရေးတစ်ခုအနေနဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေ တာဖြစ်ပါတယ်။ ပြန်လာရင်တော့ သူမရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးမယ်လိုု့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။ ‘’ NO Request (နောင်တမရပါစေနဲ့) ဆိုတဲ့ သီချင်းလေးထွက်မှာပါ။ သီချင်းအပေါ်မှာ ယုံကြည်မှုထားတယ်။ လေးစားတယ်။ ကိုယ့်အလုပ်ကို ကိုယ်ချစ်တယ်။ လုပ်တဲ့အရာတိုင်းမှာလည်း အသေးစိပ်က အစ ပိုအာရုံစိုက်တယ်။ အဲဒါကြောင့် ကိုယ်ပြန်ရတဲ့အခါမှာလည်း ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့အရာကို ပြန်ရတာပေါ့နော်။ ဒီ့ထက်မက ကြိုးစားရဦးမှာပါ’’ လို့ သူကဆိုပါတယ်။ အဆိုတော်ဆိုဖီယာကတော့ တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အနေနဲ့ သွားရောက်နေပြီလို့ သိရပါတယ်။ သူမရဲ့ ကိုယ်ပိုင်သီချင်းလေးဖြစ်တဲ့ Crush On You သီချင်းလေး နဲ့ ဖျော်ဖြေသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ‘’ဒါ အကောင်းဆုံးအခွင့်အရေးလို့တော့ ဆိုဖီထင်တယ်။...

အထက်တန်းစားရေ ရုပ်ရှင်ဇာတ်ကားမှာ ဇာမဏီမေအဖြစ် တွေ့မြင်ရဦးမယ့် ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုဆိုရင် အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိတဲ့ထိ အောင်မြင်နေသူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားပြီး ပြည်ပနိုင်ငံတွေထိပါ အောင်မြင်သူလေးတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က (၆) နှစ်ဆက်တိုက် အကယ်ဒမီဆန်ကာတင်စာရင်းကို ဝင်ခဲ့ပြီး ဒီတစ်ခေါက်မှာလည်း အကယ်ဒမီစာရင်းဝင်ဦးမယ့် စာရေးဆရာမ ပုညခင်ရဲ့ “အထက်တန်းစားရေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ တွေ့ရဦးမှာ ဖြစ်ပါတယ်။ “အထက်တန်းစားရေ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ အကယ်ဒမီ သြရသက ရိုက်ကူးပုံဖော်မှာဖြစ်ပြီး အဓိကဇာတ်ကောင် ဇာမဏီမေအဖြစ် ဝတ်မှုံရွှေရည်က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး လင်းလွန်းဆိုတဲ့ အမျိုးသားကာရိုက်တာနေရာကိုတော့ ဘယ်သူဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ “အထက်တန်းစားရေ” ဝတ္ထုက သက်ငယ်မုဒိန်း ပညာပေးဇာတ်လမ်းတစ်ခုဖြစ်ပြီး စာရေးဆရာမ ပုညခင်ရဲ့ စာဖတ်ပရိသတ် တော်တော်များများ ကြိုက်နှစ်သက်ပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဇာမဏီမေ ဆိုတဲ့ ကာရိုက်တာက ဝတ်မှုံရွှေရည်အတွက် စိန်ခေါ်မှုများတဲ့...

ကိုရီးယားနိုင်ငံရဲ့အလှအပတွေကိုခံစားနေပြီး နေဝင်ချိန်လေးမှာ အလှတွေပိုနေတဲ့ ဝတ်မှုံရွှေရည်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ဟာဆိုရင်အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။ဝတ်မှုံရွှေရည်ကို သူမရဲ့ချစ်ပရိသတ်တွေက ရွှေကစ်လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး အနုပညာလှုပ်ရှားမှုမှန်သမျှကို တစ်ခဲနက်အားပေးကြပါတယ်နော်။ရွှေကစ်ကလည်း သူရဲ့ပရိသတ်တွေအတွက် အစဉ်အမြဲကြိုးစားနေတာပါ။ အသက်၃၁နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ရွှေကစ်က ဆယ်ကျော်သက်အရွယ်လေးလို အမြဲတမ်းလန်းဆန်းတက်ကြွပြီး နုပျိုလှပနေတာဖြစ်ပါတယ်။ခေါင်းအစ ခြေအဆုံး အပြစ်ပြောစရာတစ်ကွက်မှမရှိအောင်လှတဲ့ ရွှေကစ်လေးရဲ့ အလှအပတွေကို ပရိသတ်တွေက ချီးကျူးပြီးအားကျနေကြတာဖြစ်ပါတယ်။လက်တလောမှာတော့ ရွှေကစ်လေးက ရိုက်ကူးရေးတွေဆက်တိုက်ဆိုသလိုရှိနေပါတယ်နော်။ အခုဆိုရင်တော့ ရွှေကစ်လေးက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။အလုပ်ကိစ္စတွေလည်း လုပ်ဆောင်ရင်း အားတဲ့အချိန်လေးမှာ စိတ်အပန်းဖြေတဲ့အနေနဲ့ ကိုရီးယားရဲ့အထင်ကရနေရာတွေကို လည်ပတ်နေတာပါနော်။ ကိုရီးယားနိုင်ငံရဲ့အလှအပတွေကို သူမရဲ့အလှတရားတွေနဲ့လွှမ်းခြုံလိုက်တဲ့ ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ချစ်သူနဲ့လမ်းခွဲပြီးနောက်ပိုင်း မှားခဲ့တာတွေကို သင်ခန်းစာယူပြီး ရှေ့ဆက်သွားမယ်ဆိုတဲ့ သူရိယ

အနုပညာလောကမှာ အောင်မြင်နေတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ သူရိယကတော့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ လတ်တလောမှာ ရုံတင်ပြသနေတဲ့ အထက်တန်းစားရုပ်ရှင်ဇာတ်ကားမှာ ကာရိုက်တာ(၂)မျိုးနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူရိယ အပါအဝင် အကယ်ဒမီနေတိုး၊အကယ်ဒမီမြတ်ကေသီအောင်၊ ညီထွဋ်ခေါင်တို့က ပါဝင်ပုံဖော် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အထက်တန်းစားရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေအတွက် အနှစ်သာရအပြည့်အဝရရှိစေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ပရိသတ်အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး ရိုက်ကူးရေးတွေကို လည်းဆက်တိုက်လက်ခံထားတယ်လို့ သိရပါတယ်။ လာမယ့် အောက်တိုဘာလထဲမှာလည်း ရုံတင်ဖို့ ဇာတ်ကားတွေရှိတယ်လို့ သိရပါသေးတယ်။ သူရိယဟာ သရုပ်ဆောင်အလုပ်တွေကိုသာမက တိုင်းရင်းဆေးသံတမန်တစ်ယောက်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး သံတမန်တစ်ယောက်အနေနဲ့လည်း တာဝန်ယူဆောင်ရွက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူရိယရဲ့ အချစ်ရေးကတော့ ချစ်သူနဲ့ စိတ်သဘောထားမတိုက်ဆိုင်လို့ လက်တွဲဖြုတ်လမ်းခွဲခဲ့တာဖြစ်ပြီး သူရိယဘက်ကတော့ တရားသဘောအရပဲ အေးဆေးတည်ငြိမ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ချစ်သူနဲ့လမ်းခွဲပြီးနောက်ပိုင်း သူရိယဟာ အလုပ်တွေကိုပဲ ပိုပြီးတော့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ တစ်ယောက်ထဲဖြစ်သွားတဲ့...

(၂)နှစ်ဆက်တိုက် ဆုတွေယူခဲ့တာ အမေ့ရဲ့ ချွေးစက်တွေအတွက် ယူခဲ့တာပါလို့ ရင်ဖွင့်ပြောပြခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်

အလွမ်းအဆွေးသီချင်းလေးတွေကို သာသီဆိုလေ့ရှိသူတစ်ယောက်ဖြစ်တဲ့ အိုင်းရင်းဇင်မာမြင့်ကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။ သူမရဲ့ သီချင်းလေးတွေက အဆွေးသီချင်းလေးတွေဖြစ်ပြီး ပရိသတ်တွေအတွက် ခံစားချက်အပြည့်အဝပေးနိုင်အောင် သီဆိုနိုင်တဲ့ အဆိုတော်တစ်ယောာက်ဖြစ်တာကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်။ “အကြောင်းပြန်ပေးပါ””ချစ်လို့”စသဖြင့်တေးစီအယ်ဘမ်တွေကို ထွက်ရှိအောင်မြင်ထားနိုင်တဲ့ အထိ အမာခံ ပရိသတ်တွေအများကြီးကို ရရှိထားသူတစ်ယောက်ပါ။ ပရိသတ်တွေအပေါ်မှာ ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတတ်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်အကြိုက် သီချင်းတွေကို ပရိသတ်ရင်ထဲရောက်အောင် အရောက်ပို့နိုင်သူတစ်ယောက်ဖြစ်တာကြောင့် လက်ရှိမှာတော့ Shwe FM ရဲ့ (၁၀)နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာ Winner ရရှိသူ(၇)ဦးထဲကတစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါပြီ။ဒီဆုကို ရရှိခဲ့တဲ့ အတွက် တေးရေးဆရာ၊တီးဝိုင်းအဖွဲ့သားတွေနဲ့ နားဆင်ပေးကြတဲ့ ပရိသတ်၊မေမေနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရရှိခဲ့တဲ့ ဆုကတော့ အိုင်းရင်းဇင်မာမြင့်အတွက် ဒုတိယမြောက်ဆုဖြစ်ပြီး ပထမဆုကိုတော့ City FMကနေ ရရှိခဲ့တာဖြစ်ပါတယ်။အိုင်းရင်းဇင်မာမြင့်ကတော့ (၂)နှစ်ဆက်တိုက် ဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ဒီဆုလေးတွေကို ရယူခဲ့တာဟာ” မေမေအတွက် ပထမပါ၊ ဒုတိယကပရိသတ်အတွက်ပါ ၊ဆုတိုင်းက...

စိုးပြည့်ရဲ့ စိတ်နေစိတ်ထားတွေကို ပြောလာတဲ့ ဟိန်းဝေယံ

ဟိန်းဝေယံကတော့ စိုးပြည့်သဇင်နဲ့ လက်ရှိ ရင်းနှီးမှုအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ စိုးပြည့်သဇင်ကလည်း အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပါတဲ့။ သရုပ်ဆောင် ဟိန်းဝေယံ နဲ့ စိုးပြည့်သဇင်တို့ ရဲ့ ရင်းနှီးမှုကိုတော့ ပရိသတ်တော်တော်များများက စိတ်ဝင်စားလေ့ရှိပါတယ်။ ဒါကြောင့် စိုးပြည့်သဇင်နဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေကို ဟိန်းဝေယံက မီဒီယာ အင်တာဗျူးတွေမှာ အခုလို ဖြေဆိုခဲ့ပါတယ်။‘’စိုးပြည့်နဲ့က ခင်တာကလည်းကြာပြီ။ဟိုးအရင်ကတည်းက ဆုံခဲ့တယ်။ Facebook မှာကလည်း friend ဖြစ်တဲ့အခါကျတော့ တစ်ခါတလေ စတာ နောက်တာတွေတော့ရှိတာပေါ့။ အနုပညာနဲ့ ပတ်သက်ပြီးတော့လည်း သူက တကယ်တော်တဲ့သူတစ်ယောက်ပါ။ သူနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးပြောချင်တာမျိုးတော့ မရှိပါဘူး’’ လို့ ဆိုပါတယ်။ စိုးပြည့်သဇင်ကလည်း အချစ်ရေးနဲ့ ပတ်သက်ရင် တည်ငြိမ်သူတစ်ယောက်ပါ။ သူမကိုယ်တိုင်ကလည်း အေးအေးဆေးဆေးနေတတ်တဲ့သူပါလို့ ဟိန်းဝေယံက စက်တင်ဘာလ ၉ ရက်နေ့က StreetWear Attire (Fashion Show) ကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။‘’သူက ခင်ဖို့ကောင်းတယ်။ အေးအေးဆေးဆေးနေတတ်တဲ့...

မျက်နှာပြုပြင်မှုခံယူပြီးနောက် မိတ်ကပ်လိမ်းဖို့မလိုအောင် နုပျိုသွားတဲ့ မြတ်ကေသီအောင်

မြတ်ကေသီအောင်ဟာ အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ဝန်းရံမှုကို တခဲနက်ဆိုသလို ပိုင်ဆိုင်ရရှိခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြတ်ကေသီအောင်ကတော့ နိုင်ငံကျော်သရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီးတော့ အကောင်းဆုံးအကယ်ဒမီဆုကို “ရင်ထဲက ဆောင်းရာသီ”ရုပ်ရှင်ဇာတ်ကားဖြင့် ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း “အထက်တန်းစား”ရုပ်ရှင်ဇာတ်ကားမှာ လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ညီထွဋ်ခေါင်၊သူရလင်း၊ပိုးအိအိခန့်တို့နဲ့အတူ တက်ညီလက်ညီနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ မြတ်ကေသီအောင်ဟာ အသက်ရွယ်ရပေမယ့် လူငယ်ဆန်ဆန်နေထိုင်တတ်သူတစ်ယောက်ဖြစ်တာကြောင့် လတ်တလောမှာလည်း အရင်ကနဲ့မတူဘဲ နုပျိုပြီး လှပနေအောင် မေရိုး၊ နှာခေါင်း၊ နှုတ်ခမ်းတွေကို ပြုပြင်ထားတယ်လို့လည်း သိရပါသေးတယ်။ ယခုလို မျက်နာပြုပြင်မှုခံယူတာနဲ့ပတ်သင်ပြီးတော့လဲ “ကိုယ်စိတ်ချမ်းသာတာကိုယ်လုပ်တာ အကောင်းဆုံး ပျော်ရွှင်မှုပါ။ ပျော်ရွှင်မှုဆိုတာ သူများဆီက ခနပဲရနိင်တာမို့ ကိုယ့်ဟာကိုယ်ဖန်တီးတယ်”ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြထားတာဖြစ်ပါတယ်။ မြတ်ကေသီအောင်ဟာ မျက်နှာပြုပြင်ပြီးနောက်ပိုင်း အရင်ကနဲ့မတူအောင် နုပျိုပြီးချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပြီးတော့ “မိတ်ကပ်မလိမ်းပဲနေရင်တောင် လှနေတယ်”လို့တောင် ဒေါက်တာ Aung Thiha...

မွေးနေ့လက်ဆောင်အဖြစ် ကျပ် (၃၈၆) သိန်းတန် ကားသစ်ကြီးကို လက်ဆောင်ရခဲ့တဲ့ ယုန်လေ

ပျော်စရာကောင်းတဲ့ ယုန်လေးရဲ့မွေးနေ့မှာ ချစ်သူခင်သူတွေက မွေးနေ့ဆုတောင်းပေးခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ Birthday Party လေးတောင် လုပ်ခဲ့ကြပါသေးတယ်။ အမြဲတမ်းစိတ်သဘော ကောင်းပြီးကူညီတတ်တဲ့ ယုန်လေးကတော့ စေတနာရောင်ပြန်ဟပ်တယ်လို့ပဲဆိုရတော့မှာပါ ပရိသတ်ကြီးရေ။ မွေးနေ့မှာ Car Showroom တစ်ခုက သိန်း ၄၀၀ နီးပါး ကားသစ်ကြီးတစ်စီးကို လက်ဆောင်အဖြစ်ပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ့်ကိုအမိုက်စားကားကြီးက ကြွေချင်စရာပါ။ မွေးနေ့လက်ဆောင်ပေးလို့ ယုန်လေးက ” BAIC ကို အထူးကျေးဇူးပါ။ မွေးနေ့မှာ 2019 . O ကီလို .X55 Sub BAIC ကို လက်ဆောင်ပေးတဲ့ အတွက် Special Thank အစောကြီးထဲက လိုချင်နေတာ . ပိုက်ဆံနည်းနေလို့ ဒီတိုင်းလည်းတန်ပါတယ် 2019 အသစ်ကို 386 သိန်း။ Sky Line လေးလည်း ရောင်းစရာမလိုတော့ဘူး ” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။...

ပိုးကြေးပန်းကြေးအနေနဲ့ (၁၈) သိန်းကျော်တန်ဖိနပ် လက်ဆောင်ရရှိခဲ့တဲ့ နေခြည်ဦး

ချစ်စရာကောင်းပြီး သွက်လက်ချက်ချာ ထက်မြက်လွန်းတဲ့ မိန်းမချောလေး နေခြည်ဦးက Beauty Blogger တစ်ဦးအနေနဲ့ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်မင်းသမီးအဖြစ်ပါ အောင်မြင်လာတာ ဖြစ်ပါတယ်။ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ နေခြည်ဦးဟာ အောင်မြင်တဲ့ အနုပညာရှင်၊ Influencer တစ်ဦးဆိုလည်း မမှားပါဘူး။ မိန်းကလေးတိုင်းရဲ့ စံပြဖြစ်နေအောင် နေထိုင်တဲ့ နေခြည်ဦးရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တိုင်းက စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ နေခြည်ဦးက ပရ်သတ်တွေ အားကျရအောင် ပုံရိပ်လေးတစ်ခုကို ထုတ်ပြလာပါတယ်။ အဲ့ဒါကတော့ သူမအနေနဲ့ ပိုးကြေးပန်းကြေး ရရှိထားတဲ့ ဖိနပ်လေးပဲ ဖြစ်ပါတယ်။ ထိုဖိနပ်လေးကတော့ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ Christian Louboutin တံဆိပ် ဒေါက်ဖိနပ်လေးပဲ ဖြစ်ပါတယ်။ ထိုဖိနပ်လေးရဲ့ တန်ဖိုးကတော့ မြန်မာငွေ (၁၈) သိန်းကျော်ခန့် တန်ဖိုးရှိပြီး တန်ဖိုးနဲ့အညီ တော်တော်လေးလှတာကို တွေ့ရပါတယ်။ နေခြည်ဦးကို...

Stay connected

16,812FansLike
1,688FollowersFollow
13,738SubscribersSubscribe
- Advertisement -

Latest article

စိန်နန်းတော်ရဲ့ပွဲလေးကို လိုက်ဖက်ညီစွာအတူတူတက်ရောက်လာကြတဲ့ အောင်ရေချမ်းနဲ့ခေးဆက်သွင်တို့နှစ်ယောက်

ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့ကြတဲ့ မင်းသားချော အောင်ရေချမ်းနဲ့ မင်းသမီးချော ခေးဆက်သွင်တို့နှစ်ယောက်ကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ သူတို့နှစ်ယောက်က သရုပ်ဆောင်ပိုင်းမှာ ဇာတ်ရုပ်ကို ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက အားပေးနေရတာပဲ ဖြစ်ပါတယ်။ အောင်ရေချမ်းဆိုရင်လည်း ” ပျားရည်အိုင်၊ ကျွန်မက မဟေသီ” ဆိုတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့...

သီချင်းအသစ်လေးကို ”နောင်တမရပါစေနဲ့”လို့ အမည်ပေးလိုက်တဲ့ ဆိုဖီယာ

ဆိုဖီယာက အခုဆိုရင်တော့ ဂီတဖျော်ဖြေရေးတစ်ခုအနေနဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေ တာဖြစ်ပါတယ်။ ပြန်လာရင်တော့ သူမရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးမယ်လိုု့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။ ‘’ NO Request (နောင်တမရပါစေနဲ့) ဆိုတဲ့ သီချင်းလေးထွက်မှာပါ။ သီချင်းအပေါ်မှာ ယုံကြည်မှုထားတယ်။ လေးစားတယ်။ ကိုယ့်အလုပ်ကို ကိုယ်ချစ်တယ်။...

အထက်တန်းစားရေ ရုပ်ရှင်ဇာတ်ကားမှာ ဇာမဏီမေအဖြစ် တွေ့မြင်ရဦးမယ့် ဝတ်မှုံရွှေရည်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာပြီး အခုဆိုရင် အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိတဲ့ထိ အောင်မြင်နေသူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ လျှမ်းလျှမ်းတောက် ကျော်ကြားပြီး ပြည်ပနိုင်ငံတွေထိပါ အောင်မြင်သူလေးတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က (၆) နှစ်ဆက်တိုက် အကယ်ဒမီဆန်ကာတင်စာရင်းကို ဝင်ခဲ့ပြီး...