ေနတိုး နဲ႔ အိျႏၵာေက်ာ္ဇင္ကို ၂၀၁၇ အကယ္ဒီ ခန္႔မွန္းလိုက္တဲ႔ ဒါ႐ိုက္တာ ၀ိုင္း

Published on December 6, 2017

သဘာ၀က်က် ဇာတ္႐ုပ္ေတြကို ပီျပင္စြာ ေဖာ္ညႊန္းျပသေလ႔ရွိတဲ႔႔ နာမည္ေက်ာ္ ဒါ႐ိုက္တာ တစ္ေယာက္ျဖစ္တဲ့ ၀ိုင္းဟာ ၂၀၁၇ ခုႏွစ္ အတြက္ ေနတိုးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ကို အကယ္ဒမီ ခန္႔မွန္းလိုက္ပါတယ္။

ဒါ႐ုိက္တာ၀ိုင္းဟာ ကိုယ္တိုင္လည္း အေကာင္းဆံုး ဒါ႐ိုက္တာဆု ၂ ဆုအထိ ရရွိဖူးသူျဖစ္သလို သူ႕ဇာတ္ကားတြင္ ပါ၀င္သ႐ုပ္ေဆာင္ ထားသူမ်ားကိုလည္း အကယ္ဒမီ ရရွိေအာင္ စြမ္းေဆာင္ေပးထားႏုိင္တဲ႔ ဒါရိုက္တာတစ္ဦးလည္း ျဖစ္ပါတယ္။



၀ိုင္းဟာ “တာေတႀကီး” ဇာတ္ကားမွာ အေကာင္းဆံုး သ႐ုပ္ေဆာင္ႏိုင္ ခဲ႔တဲ႔ ေနတိုး နဲ႔ “ရင္ဘက္ထဲကဓါး” ဇာတ္ကားမွာ ပရိသတ္ေတြ အားေပးမႈကို တစ္ခဲနက္ ရရွိထားတဲ႔ အိျႏၵာေက်ာ္ဇင္တို႔ကို အကယ္ဒမီ ခန္႔မွန္းခဲ႔တာ ျဖစ္ျပီး ၂၀၁၈ ခုႏွစ္ မတ္လမွာ က်င္းပမယ့္ အကယ္ဒမီေပးပဲြတြင္ အကယ္ဒမီေရႊစင္႐ုပ္ ဆုရရွိဖို႔ ဆႏၵရွိေနတဲ႔ ပံုစံ “ဒီႏွစ္ေယာက္ဟာ ၂၀၁၇ ရဲ႕ အကယ္ဒမီ ပိုင္ရွင္ေတြလား” ဆိုျပီး သူ႔ရဲ႕ ေဖ႔စ္ဘြတ္မွာ ေရးသားထားတာ ျဖစ္ပါတယ္။

ေနတိုးဟာ အကယ္ဒမီ ေရႊစင္႐ုပ္ ဆု ၂ ဆုရရွိထားသူျဖစ္ျပီး အိျႏၵာေက်ာ္ဇင္ကေတာ့ ၂၀၁၄ ခုႏွစ္မွာ ႐ံုတင္ျပသခဲ႔တဲ႕ `မ်က္ႏွာမ်ားတဲ႔ ေကာင္းကင္´ ဇာတ္ကားနဲ႔ အကယ္ဒမီ ရရွိခဲ႔ျပီးေနာက္ ထပ္မံရရွိဖုိ႔ အကယ္ဒမီ ေရႊစင္႐ုပ္ဆုနဲ႔ ေ၀းေနခဲ့ပါတယ္။

The Ladies News

Unicode

သဘာဝကျကျ ဇာတ်ရုပ်တွေကို ပီပြင်စွာ ဖော်ညွှန်းပြသလေ့ရှိတဲ့့ နာမည်ကျော် ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ ၀ိုင်းဟာ ၂၀၁၇ ခုနှစ် အတွက် နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ကို အကယ်ဒမီ ခန့်မှန်းလိုက်ပါတယ်။

ဒါရိုက်တာဝိုင်းဟာ ကိုယ်တိုင်လည်း အကောင်းဆုံး ဒါရိုက်တာဆု ၂ ဆုအထိ ရရှိဖူးသူဖြစ်သလို သူ့ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ထားသူများကိုလည်း အကယ်ဒမီ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။

၀ိုင်းဟာ “တာတေကြီး” ဇာတ်ကားမှာ အကောင်းဆုံး သရုပ်ဆောင်နိုင် ခဲ့တဲ့ နေတိုး နဲ့ “ရင်ဘက်ထဲကဓါး” ဇာတ်ကားမှာ ပရိသတ်တွေ အားပေးမှုကို တစ်ခဲနက် ရရှိထားတဲ့ အိန္ဒြာကျော်ဇင်တို့ကို အကယ်ဒမီ ခန့်မှန်းခဲ့တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လမှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲတွင် အကယ်ဒမီရွှေစင်ရုပ် ဆုရရှိဖို့ ဆန္ဒရှိနေတဲ့ ပုံစံ “ဒီနှစ်ယောက်ဟာ ၂၀၁၇ ရဲ့ အကယ်ဒမီ ပိုင်ရှင်တွေလား” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

နေတိုးဟာ အကယ်ဒမီ ရွှေစင်ရုပ် ဆု ၂ ဆုရရှိထားသူဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ ၂၀၁၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ `မျက်နှာများတဲ့ ကောင်းကင်´ ဇာတ်ကားနဲ့ အကယ်ဒမီ ရရှိခဲ့ပြီးနောက် ထပ်မံရရှိဖို့ အကယ်ဒမီ ရွှေစင်ရုပ်ဆုနဲ့ ဝေးနေခဲ့ပါတယ်။

The Ladies News