စဥ့္ကူးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး တစ္လင္တစ္မယားဥပေဒျဖင့္ အမႈဖြင့္ခံရ

Published on February 11, 2018

စဥ့္ကူးၿမိဳ႕နယ္ အေထြ ေထြအုပ္ခ်ဳပ္ေရးမွဴး ဦးၾကည္ သက္ေမာင္သည္ ေအာင္ေျမသာ စံၿမိဳ႕နယ္ အမွတ္(၁)နယ္ေျမရဲ တပ္ဖြဲ႕စခန္းတြင္ တစ္လင္တစ္ မယားဥပေဒျဖင့္ အမႈဖြင့္ခံထားရ ေၾကာင္း အဆိုပါရဲတပ္ဖြဲ႕စခန္း မွဴးက ေျပာသည္။

‘‘အမႈဖြင့္ထားတယ္ဆိုတာ ဟုတ္ပါတယ္။ အေထာက္အထား ေတြ ေမးျမန္းေနတုန္းပဲ ရွိပါေသး တယ္’’ဟု စခန္းမွဴးကေျပာသည္။
အုပ္ခ်ဳပ္ေရးမွဴးကို တိုင္တန္းသူသည္ အသက္(၂၄)ႏွစ္အရြယ္ အမ်ိဳးသမီးျဖစ္ၿပီး မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ သရက္ ကုန္းရပ္ကြက္တြင္ ေနထိုင္သူျဖစ္ သည္။
အမႈဖြင့္တိုင္တန္းခ်ိန္၌ အုပ္ ခ်ဳပ္ေရးမွဴးႏွင့္ရရွိသည့္ ကိုယ္ဝန္ ေျခာက္လခန္႔ရွိၿပီဟု ဆိုသည္။



အဆိုပါအမ်ိဳးသမီးသည္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ေကတီဗီတစ္ခုတြင္ အလုပ္လုပ္ကိုင္သူ ျဖစ္ၿပီး ၂၀၁၇ က ေကတီဗီတြင္ အတူလုပ္သည့္ အမ်ိဳးသမီး တစ္ဦးက ျပင္ပ၌ မိတ္ဆက္ေပးခဲ့ရာမွ ဦးၾကည္သက္ေမာင္ႏွင့္ သိကြၽမ္းၿပီး ဟိုတယ္၊ တည္းခိုခန္းတို႔တြင္ အႀကိမ္ႀကိမ္ ေပါင္းသင္းေနထိုင္ခဲ့ေၾကာင္း ေျပာသည္။

လိုက္လံကူညီေပးခဲ့သူ ေဒၚ အမာနီက ‘‘မိတ္ဆက္ေပးတဲ့အခါ သူ႔ကိုယ္သူ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး မွဴးလို႔မေျပာဘူး။ အိမ္ၿခံေျမအ က်ိဳးေဆာင္လို႔ ေျပာတာ။ ကိုယ္ဝန္ ရွိေတာ့ ယူခိုင္းေတာ့ မယူႏိုင္ဘူး။ ကေလးႏွစ္ေယာက္နဲ႔ မိန္းမရွိ တယ္လို႔ ေျပာတယ္။ အန္တီဆီ လာ အကူအညီေတာင္းေတာ့ ဟိုဘက္မွာလည္း ကေလးႏွစ္ ေယာက္နဲ႔၊ သမီးညႇိၾကည့္ပါလား ေျပာေတာ့ ေကာင္မေလးက မညႇိ ေတာ့ဘူးတဲ့။ ပထမအႀကိမ္ ကိုယ္ ဝန္ဖ်က္ခ်ခိုင္းတာ မပ်က္က်ခဲ့ဘူး တဲ့။ အခုေဆး႐ံုကိုသြားေတာ့ ကေလးက ႏွလံုးခုန္ေနတယ္’’ ဟု ေျပာသည္။

မိန္းကေလးကုိ သရက္ကုန္းရပ္ကြက္ရွိ ေနအိမ္တစ္ခုတြင္ ဦးၾကည္သက္ေမာင္က အိမ္ငွားေပးထားေၾကာင္း၊ တစ္လတစ္ႀကိမ္ ေငြေၾကးေထာက္ပံ့ၿပီး မလာေရာက္ႏုိင္ပါက အဆက္အသြယ္ျပဳလုပ္ၿပီး ေငြေၾကးေထာက္ပံ့ေၾကာင္း ေဒၚအမာနီကေျပာသည္။ ကိုယ္ဝန္ရွိေန၍ တာဝန္ယူ ေပးရန္ ေျပာဆိုသည့္ အခ်ိန္က စတင္၍ အုပ္ခ်ဳပ္ေရးမွဴးက အ ဆက္အသြယ္ျဖတ္ခဲ့ေၾကာင္း ေဒၚ အမာနီက ေျပာသည္။

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို အမွတ္(၁)နယ္ေျမရဲတပ္ဖြဲ႕စခန္း က တစ္လင္တစ္မယားစနစ္က်င့္ သံုးျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၇ အရ အမႈဖြင့္ကာ ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း မႏၲေလး တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ံုးမွ အရာရွိတစ္ဦးက ေျပာသည္။

အမႈဖြင့္ခံရသည့္ စဥ့္ကူးၿမိဳ႕ နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးၾကည္ သက္ေမာင္၏ လက္ကုိင္ဖုန္းသို႔ ဆက္သြယ္ေမးျမန္းရာ ဖုန္းလက္ခံေျပာဆိုျခင္းမရွိေပ။

7daydaily

Unicode

စဉ့်ကူးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးကြည် သက်မောင်သည် အောင်မြေသာ စံမြို့နယ် အမှတ်(၁)နယ်မြေရဲ တပ်ဖွဲ့စခန်းတွင် တစ်လင်တစ် မယားဥပဒေဖြင့် အမှုဖွင့်ခံထားရ ကြောင်း အဆိုပါရဲတပ်ဖွဲ့စခန်း မှူးက ပြောသည်။

‘‘အမှုဖွင့်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ အထောက်အထား တွေ မေးမြန်းနေတုန်းပဲ ရှိပါသေး တယ်’’ဟု စခန်းမှူးကပြောသည်။

အုပ်ချုပ်ရေးမှူးကို တိုင်တန်းသူသည် အသက်(၂၄)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သရက် ကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ် သည်။

အမှုဖွင့်တိုင်တန်းချိန်၌ အုပ် ချုပ်ရေးမှူးနှင့်ရရှိသည့် ကိုယ်ဝန် ခြောက်လခန့်ရှိပြီဟု ဆိုသည်။

အဆိုပါအမျိုးသမီးသည် ချမ်းမြသာစည်မြို့နယ်ရှိ ကေတီဗီတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ဖြစ်ပြီး ၂၀၁၇ က ကေတီဗီတွင် အတူလုပ်သည့် အမျိုးသမီး တစ်ဦးက ပြင်ပ၌ မိတ်ဆက်ပေးခဲ့ရာမှ ဦးကြည်သက်မောင်နှင့် သိကျွမ်းပြီး ဟိုတယ်၊ တည်းခိုခန်းတို့တွင် အကြိမ်ကြိမ် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း ပြောသည်။

လိုက်လံကူညီပေးခဲ့သူ ဒေါ် အမာနီက ‘‘မိတ်ဆက်ပေးတဲ့အခါ သူ့ကိုယ်သူ မြို့နယ်အုပ်ချုပ်ရေး မှူးလို့မပြောဘူး။ အိမ်ခြံမြေအ ကျိုးဆောင်လို့ ပြောတာ။ ကိုယ်ဝန် ရှိတော့ ယူခိုင်းတော့ မယူနိုင်ဘူး။ ကလေးနှစ်ယောက်နဲ့ မိန်းမရှိ တယ်လို့ ပြောတယ်။ အန်တီဆီ လာ အကူအညီတောင်းတော့ ဟိုဘက်မှာလည်း ကလေးနှစ် ယောက်နဲ့၊ သမီးညှိကြည့်ပါလား ပြောတော့ ကောင်မလေးက မညှိ တော့ဘူးတဲ့။ ပထမအကြိမ် ကိုယ် ဝန်ဖျက်ချခိုင်းတာ မပျက်ကျခဲ့ဘူး တဲ့။ အခုဆေးရုံကိုသွားတော့ ကလေးက နှလုံးခုန်နေတယ်’’ ဟု ပြောသည်။

မိန်းကလေးကို သရက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဦးကြည်သက်မောင်က အိမ်ငှားပေးထားကြောင်း၊ တစ်လတစ်ကြိမ် ငွေကြေးထောက်ပံ့ပြီး မလာရောက်နိုင်ပါက အဆက်အသွယ်ပြုလုပ်ပြီး ငွေကြေးထောက်ပံ့ကြောင်း ဒေါ်အမာနီကပြောသည်။ ကိုယ်ဝန်ရှိနေ၍ တာဝန်ယူ ပေးရန် ပြောဆိုသည့် အချိန်က စတင်၍ အုပ်ချုပ်ရေးမှူးက အ ဆက်အသွယ်ဖြတ်ခဲ့ကြောင်း ဒေါ် အမာနီက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးကို အမှတ်(၁)နယ်မြေရဲတပ်ဖွဲ့စခန်း က တစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ အရ အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောသည်။

အမှုဖွင့်ခံရသည့် စဉ့်ကူးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကြည် သက်မောင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံပြောဆိုခြင်းမရှိပေ။

7daydaily