ဦး နဲ႔ သမီးေခတ္ကို တကယ္ေရာက္ၿပီလား

Published on February 13, 2018

ကာလသားႀကိဳက္ ဝက္ဘ္ဆိုဒ္တခုျဖစ္တဲ့ xHamster ရဲ႕ Trend Report 2018 မွာ ေဖာ္ျပခ်က္အရ အရင္ႏွစ္က ၎တို႔ဆိုဒ္တြင္ အေမရိကန္အမ်ိဳးသမီးေတြရွာေဖြမႈ အမ်ားဆုံး စကားလုံးက Daddy (ဦးဦး) ျဖစ္တယ္လို႔ သိရၿပီး ဒါဟာ ယခုႏွစ္ပိုင္းအတြင္း အမ်ိဳးသမီးထုအေနနဲ႔ အသက္ႀကီးပိုင္း အမ်ိဳးသားေတြကို စိတ္ဝင္စားမႈ သိသိသာသာ ျမင့္တက္လာျခင္း ျဖစ္တယ္လု႔ိ ဆိုပါတယ္။

လိင္မႈေရးရာပညာရွင္ Vanessa Marin ကေတာ့ အခုလို အမ်ိဳးသမီးထု ႏွစ္သက္မႈ မ်ားလာတဲ့ စကားလုံး Daddy ဟာ သူတို႔ သေဘာက်တဲ့ ဦးဦးအ႐ြယ္ သက္ႀကီးပိုင္းေတြကို ဆိုလိုတာ ျဖစ္ၿပီး ဖခင္ေတြကို ဆိုလိုတာ မဟုတ္ဘူးလို႔ ရွင္းျပပါတယ္။



အမ်ားစုဆိုလိုတာက သူတို႔ရဲ႕ သူေဌးေတြ၊ အထက္အရာရွိေတြ၊ အားကိုးရသူေတြ၊ အထင္ႀကီးရသူေတြကို ဆိုလိုတာျဖစ္ၿပီး အသက္အ႐ြယ္အရေတာ့ သူတို႔ထက္ ပိုုႀကီးတဲ့ ဦး အ႐ြယ္ေတြ ျဖစ္တယ္လို႔ Brodaly ကို ရွင္းျပတာ ေတြ႕ရပါတယ္။ဆက္လက္ၿပီး သူမက ကာလသားႀကိဳက္ ဆိုဒ္ေတြမွာ ႐ုပ္သံရွာေဖြမႈကို Daddy လို႔ ႐ိုက္ႏွိပ္ရွာေဖြမႈ ရွိႏိုင္ေပမယ့္ အမွန္တကယ္ေတာ့ အျပင္လက္ေတြ႕ဘဝမွာ မိန္းကေလးေတြက သူတို႔ ႏွစ္သက္တဲ့ သက္ႀကီးပိုင္းေတြကို Daddy လို႔ မေခၚေၾကာင္း ေျပာပါေသးတယ္။

အမ်ိဳးသမီး ၇၀ ရာခိုင္ႏႈန္းေက်ာ္က သူတို႔ရဲ႕ ခ်စ္သူ ဦးဦးေတြကို Daddy လို႔ မေခၚၾကဘူးလို႔ သူမက ခန႔္မွန္းေျပာဆိုပါတယ္။ တကယ္ကလည္း Daddy(ဖခင္)ဆိုတဲ့ စကားလုံးက သမီးနဲ႔ ဖခင္ အၾကား အေခၚအေဝၚလည္း ျဖစ္ပါတယ္။ဒါ့အျပင္ နာမည္ေက်ာ္ ကာလသားႀကိဳက္ ဆိုဒ္ႀကီးတခုျဖစ္တဲ့ Pornhub ကလည္း သက္ႀကီးပိုင္း အမ်ိဳးသားေတြနဲ႔ ပတ္သက္တဲ့ ႐ုပ္သံေတြဟာ အခုႏွစ္ပိုင္းမွာ အမ်ိဳးသမီးထုအၾကား လူႀကိဳက္ အရမ္းမ်ားတယ္လို႔ ဆိုျပန္ပါတယ္။

သူတို႔ရဲ႕ ေဖာ္ျပခ်က္မွာဆိုရင္ သက္ႀကီးပိုင္း အမ်ိဳးသားေတြနဲ႔ ပတ္သက္ၿပီး ရွာေဖြမႈမ်ားေနေၾကာင္းနဲ႔ ရွာေဖြမႈအတြင္း ပုံစံ၊ အေနအထား(အသားညိဳညိဳ၊ ဆံပင္ရွည္ရွည္ စသျဖင့္)ေတြကိုပါ ေ႐ြးခ်ယ္ ရွာေဖြမႈေတြရွိတယ္လို႔ ဆိုပါတယ္။အခုလို အမ်ိဳးသမီးေတြရဲ႕ ဦးအ႐ြယ္ ခ်စ္သူေတြ၊ ႐ုပ္သံေတြကို ရွာေဖြလာမႈနဲ႔ ပတ္သက္ၿပီး ေလ့လာသူ တခ်ိဳ႕ကလည္း ဖခင္ အ႐ြယ္ အမ်ိဳးသားေတြကို ဘယ္လိုေၾကာင့္ စိတ္ဝင္စားသလဲ မသိေသးဘူးလို႔ ဆိုပါတယ္။လိင္မႈေရးရာကြၽမ္းက်င္သူ ေဒါက္တာ Nikki Goldstein ကေတာ့ တခ်ိဳ႕ မိန္းကေလးေတြက အေဖလို႔ ဆိုလိုျခင္း မဟုတ္ေပမယ့္ သူတို႔ထက္ အသက္ႀကီးတဲ့ ခ်စ္သူေတြကို လိုခ်င္တယ္။ ႏွစ္သက္တယ္။

အေခၚ အေျပာ မွာလည္း Daddy (ဦးဦး)လို႔ပဲ ေခၚခ်င္တယ္။ ဒါက သူတို႔အေနနဲ႔ ကိုယ့္ကိုယ္ကို ငယ္ခ်င္တယ္။ ခ်စ္သူအေပၚ ဆိုးခ်င္၊ ႏြ႕ဲခ်င္တဲ့ သေဘာနဲ႔ ေခၚတာ ျဖစ္ပါတယ္လို႔ ရွင္းျပပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ေသခ်ာတာကေတာ့ မိန္းကေလးေတြက သူတို႔ထက္ အသက္ႀကီးသူ၊ ပိုေတာ္ပိုတတ္ ထက္ျမတ္သူ၊ လႊမ္းမိုးမႈရွိတဲ့ ဦး အ႐ြယ္ အမ်ိဳးသားေတြကို ႏွစ္သက္မႈ ပိုလာတာေတာ့ အမွန္ပါ။ အထူးသျဖင့္ေတာ့ သူတို႔ရဲ႕ စိတ္ထဲမွာ ကာကြယ္ေပးႏိုင္မႈေရာ လိုက္ေလ်ာေပ်ာ္႐ႊင္ေအာင္ ထားႏိုင္မႈ အပိုင္းမွာပါ ဦး အ႐ြယ္ေတြက ပိုၿပီး ေကာင္းမြန္မယ္လို႔ ယူဆလာၾကတာလည္း ျဖစ္ပါတယ္။

လက္ေတြ႕ အျပင္မွာလည္း ဦးနဲ႔ သမီး ဇာတ္လမ္းေတြ အမ်ားႀကီး ရွိႏိုင္ေပမယ့္ အခုေတာ့ အင္တာနက္လို ေနရာကေန ဦးနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာ ရွာေဖြမႈ ျမင့္တက္လာတာကေတာ့ ျငင္းလို႔ မရေတာ့ပါဘူး။ ကာလသားႀကိဳက္ ႐ုပ္သံေတြမွာ ဦးလို႔ဆိုလိုက္တာနဲ႔တင္ မိန္းကေလးေတြက ရင္ခုန္ခံစားမႈ ရွိလာတယ္လို႔ ေဒါက္တာ နစ္ကီက ဆက္ေျပာပါတယ္။လူေတြရဲ႕ အက်င့္တခုက မိမိ မသိ၊ မခံစားဖူးတဲ့ အရာေတြကို သိခ်င္၊ စူးစမ္းခ်င္ၾကပါတယ္။ ႐ြယ္တူအခ်င္းခ်င္း ထိေတြ႕ဆက္ဆံမႈေတြက သမား႐ိုးက် ျဖစ္လာၿပီး အခုလို ဦး အ႐ြယ္ေတြက ဘယ္လိုလဲ ဆိုတဲ့ စိတ္မ်ိဳး ျဖစ္တည္လာမႈကေန အမ်ိဳးသမီးေတြအၾကား စိတ္ဝင္စားမႈ ျမင့္တက္လာတာ ျဖစ္ႏိုင္ပါတယ္။ တကယ္ေတာ့ အသက္အ႐ြယ္ ကြာျခားမႈအရ မျဖစ္သင့္ပါဘူး။

ဒါေပမယ့္ မလုပ္နဲ႔ ဆိုတာကို လုပ္ခ်င္ၾကတာ လူေတြရဲ႕ သဘာဝပါပဲလို႔ ေဒါက္တာ နစ္ကီက ဆက္ေျပာပါတယ္။ဒီလို ဦးနဲ႔ သမီး ဇာတ္လမ္းေတြ စိတ္ဝင္စားမႈမ်ားလာျခင္းကလည္း တခ်ိဳ႕ မိန္းကေလးေတြဆီကေန သူတို႔ရဲ႕ ခ်စ္သူ(ဦးဦး)ေတြက ဘယ္လို ခ်ိဳသာ၊ ခ်စ္ခင္ဖို႔ ေကာင္းေၾကာင္း ဆိုတာ တဆင့္စကားနဲ႔ ပ်ံ႕ႏွံ႔လာၿပီး အခုလို အင္တာနက္မွာ ရွာေဖြမႈေတြ၊ ဇာတ္လမ္းေတြ ၾကည့္ရႈမႈ မ်ားလာတာျဖစ္ႏိုင္တယ္လို႔ ေဒါက္တာ နစ္ကီက ခန႔္မွန္းထားပါတယ္။

ယခု အေၾကာင္းအရာဟာ အေမရိကန္ နာမည္ေက်ာ္ သတင္းစာ New York Post မွာပါ ထည့္သြင္းေဖာ္ျပမႈနဲ႔ အတူ ကမာၻတလႊားကပါ စိတ္ဝင္စားမႈပိုလာေနတာပါ။www.maxim.com တြင္ ေဖာ္ျပထားတဲ့ Daddy is the new milf, and younger women can’t get enough of older guys ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။

Credit _

Unicode

ကာလသားကြိုက် ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ xHamster ရဲ့ Trend Report 2018 မှာ ဖော်ပြချက်အရ အရင်နှစ်က ၎င်းတို့ဆိုဒ်တွင် အမေရိကန်အမျိုးသမီးတွေရှာဖွေမှု အများဆုံး စကားလုံးက Daddy (ဦးဦး) ဖြစ်တယ်လို့ သိရပြီး ဒါဟာ ယခုနှစ်ပိုင်းအတွင်း အမျိုးသမီးထုအနေနဲ့ အသက်ကြီးပိုင်း အမျိုးသားတွေကို စိတ်ဝင်စားမှု သိသိသာသာ မြင့်တက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

လိင်မှုရေးရာပညာရှင် Vanessa Marin ကတော့ အခုလို အမျိုးသမီးထု နှစ်သက်မှု များလာတဲ့ စကားလုံး Daddy ဟာ သူတို့ သဘောကျတဲ့ ဦးဦးအရွယ် သက်ကြီးပိုင်းတွေကို ဆိုလိုတာ ဖြစ်ပြီး ဖခင်တွေကို ဆိုလိုတာ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။

အများစုဆိုလိုတာက သူတို့ရဲ့ သူဌေးတွေ၊ အထက်အရာရှိတွေ၊ အားကိုးရသူတွေ၊ အထင်ကြီးရသူတွေကို ဆိုလိုတာဖြစ်ပြီး အသက်အရွယ်အရတော့ သူတို့ထက် ပိုကြီးတဲ့ ဦး အရွယ်တွေ ဖြစ်တယ်လို့ Brodaly ကို ရှင်းပြတာ တွေ့ရပါတယ်။ဆက်လက်ပြီး သူမက ကာလသားကြိုက် ဆိုဒ်တွေမှာ ရုပ်သံရှာဖွေမှုကို Daddy လို့ ရိုက်နှိပ်ရှာဖွေမှု ရှိနိုင်ပေမယ့် အမှန်တကယ်တော့ အပြင်လက်တွေ့ဘဝမှာ မိန်းကလေးတွေက သူတို့ နှစ်သက်တဲ့ သက်ကြီးပိုင်းတွေကို Daddy လို့ မခေါ်ကြောင်း ပြောပါသေးတယ်။

အမျိုးသမီး ၇၀ ရာခိုင်နှုန်းကျော်က သူတို့ရဲ့ ချစ်သူ ဦးဦးတွေကို Daddy လို့ မခေါ်ကြဘူးလို့ သူမက ခန့်မှန်းပြောဆိုပါတယ်။ တကယ်ကလည်း Daddy(ဖခင်)ဆိုတဲ့ စကားလုံးက သမီးနဲ့ ဖခင် အကြား အခေါ်အဝေါ်လည်း ဖြစ်ပါတယ်။ဒါ့အပြင် နာမည်ကျော် ကာလသားကြိုက် ဆိုဒ်ကြီးတခုဖြစ်တဲ့ Pornhub ကလည်း သက်ကြီးပိုင်း အမျိုးသားတွေနဲ့ ပတ်သက်တဲ့ ရုပ်သံတွေဟာ အခုနှစ်ပိုင်းမှာ အမျိုးသမီးထုအကြား လူကြိုက် အရမ်းများတယ်လို့ ဆိုပြန်ပါတယ်။

သူတို့ရဲ့ ဖော်ပြချက်မှာဆိုရင် သက်ကြီးပိုင်း အမျိုးသားတွေနဲ့ ပတ်သက်ပြီး ရှာဖွေမှုများနေကြောင်းနဲ့ ရှာဖွေမှုအတွင်း ပုံစံ၊ အနေအထား(အသားညိုညို၊ ဆံပင်ရှည်ရှည် စသဖြင့်)တွေကိုပါ ရွေးချယ် ရှာဖွေမှုတွေရှိတယ်လို့ ဆိုပါတယ်။အခုလို အမျိုးသမီးတွေရဲ့ ဦးအရွယ် ချစ်သူတွေ၊ ရုပ်သံတွေကို ရှာဖွေလာမှုနဲ့ ပတ်သက်ပြီး လေ့လာသူ တချို့ကလည်း ဖခင် အရွယ် အမျိုးသားတွေကို ဘယ်လိုကြောင့် စိတ်ဝင်စားသလဲ မသိသေးဘူးလို့ ဆိုပါတယ်။လိင်မှုရေးရာကျွမ်းကျင်သူ ဒေါက်တာ Nikki Goldstein ကတော့ တချို့ မိန်းကလေးတွေက အဖေလို့ ဆိုလိုခြင်း မဟုတ်ပေမယ့် သူတို့ထက် အသက်ကြီးတဲ့ ချစ်သူတွေကို လိုချင်တယ်။ နှစ်သက်တယ်။

အခေါ် အပြော မှာလည်း Daddy (ဦးဦး)လို့ပဲ ခေါ်ချင်တယ်။ ဒါက သူတို့အနေနဲ့ ကိုယ့်ကိုယ်ကို ငယ်ချင်တယ်။ ချစ်သူအပေါ် ဆိုးချင်၊ နွဲ့ချင်တဲ့ သဘောနဲ့ ခေါ်တာ ဖြစ်ပါတယ်လို့ ရှင်းပြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ မိန်းကလေးတွေက သူတို့ထက် အသက်ကြီးသူ၊ ပိုတော်ပိုတတ် ထက်မြတ်သူ၊ လွှမ်းမိုးမှုရှိတဲ့ ဦး အရွယ် အမျိုးသားတွေကို နှစ်သက်မှု ပိုလာတာတော့ အမှန်ပါ။ အထူးသဖြင့်တော့ သူတို့ရဲ့ စိတ်ထဲမှာ ကာကွယ်ပေးနိုင်မှုရော လိုက်လျောပျော်ရွှင်အောင် ထားနိုင်မှု အပိုင်းမှာပါ ဦး အရွယ်တွေက ပိုပြီး ကောင်းမွန်မယ်လို့ ယူဆလာကြတာလည်း ဖြစ်ပါတယ်။

လက်တွေ့ အပြင်မှာလည်း ဦးနဲ့ သမီး ဇာတ်လမ်းတွေ အများကြီး ရှိနိုင်ပေမယ့် အခုတော့ အင်တာနက်လို နေရာကနေ ဦးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ရှာဖွေမှု မြင့်တက်လာတာကတော့ ငြင်းလို့ မရတော့ပါဘူး။ ကာလသားကြိုက် ရုပ်သံတွေမှာ ဦးလို့ဆိုလိုက်တာနဲ့တင် မိန်းကလေးတွေက ရင်ခုန်ခံစားမှု ရှိလာတယ်လို့ ဒေါက်တာ နစ်ကီက ဆက်ပြောပါတယ်။လူတွေရဲ့ အကျင့်တခုက မိမိ မသိ၊ မခံစားဖူးတဲ့ အရာတွေကို သိချင်၊ စူးစမ်းချင်ကြပါတယ်။ ရွယ်တူအချင်းချင်း ထိတွေ့ဆက်ဆံမှုတွေက သမားရိုးကျ ဖြစ်လာပြီး အခုလို ဦး အရွယ်တွေက ဘယ်လိုလဲ ဆိုတဲ့ စိတ်မျိုး ဖြစ်တည်လာမှုကနေ အမျိုးသမီးတွေအကြား စိတ်ဝင်စားမှု မြင့်တက်လာတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ အသက်အရွယ် ကွာခြားမှုအရ မဖြစ်သင့်ပါဘူး။

ဒါပေမယ့် မလုပ်နဲ့ ဆိုတာကို လုပ်ချင်ကြတာ လူတွေရဲ့ သဘာဝပါပဲလို့ ဒေါက်တာ နစ်ကီက ဆက်ပြောပါတယ်။ဒီလို ဦးနဲ့ သမီး ဇာတ်လမ်းတွေ စိတ်ဝင်စားမှုများလာခြင်းကလည်း တချို့ မိန်းကလေးတွေဆီကနေ သူတို့ရဲ့ ချစ်သူ(ဦးဦး)တွေက ဘယ်လို ချိုသာ၊ ချစ်ခင်ဖို့ ကောင်းကြောင်း ဆိုတာ တဆင့်စကားနဲ့ ပျံ့နှံ့လာပြီး အခုလို အင်တာနက်မှာ ရှာဖွေမှုတွေ၊ ဇာတ်လမ်းတွေ ကြည့်ရှုမှု များလာတာဖြစ်နိုင်တယ်လို့ ဒေါက်တာ နစ်ကီက ခန့်မှန်းထားပါတယ်။

ယခု အကြောင်းအရာဟာ အမေရိကန် နာမည်ကျော် သတင်းစာ New York Post မှာပါ ထည့်သွင်းဖော်ပြမှုနဲ့ အတူ ကမ္ဘာတလွှားကပါ စိတ်ဝင်စားမှုပိုလာနေတာပါ။www.maxim.com တွင် ဖော်ပြထားတဲ့ Daddy is the new milf, and younger women can’t get enough of older guys ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။