Home Sport အောင်လတစ်ပွဲထိုးရင် ပိုက်ဆံဘယ်လောက်ရသလဲ?

အောင်လတစ်ပွဲထိုးရင် ပိုက်ဆံဘယ်လောက်ရသလဲ?

One Championship ကဖိုက်တာတွေကို ထိုးကြေးငွေ ဘယ်လောက်ပေးသလဲ၊ ရသလဲ ဆိုတာ ဘယ်တော့မှ မပြောပါဘူး။ လျှို့ဝှက်ထား ပါတယ်။ သွားလည်း မမေးပါနဲ့။ လေကုန် ပါတယ်။ ဘယ်တော့မှလည်း မဖြေပါဘူး။

ဒါကြောင့် အောင်လ ဘယ်လောက်ရလဲ အတိကျ မသိပါဘူး။ One Championship ကနေ နားသွားတဲ့ ပုံရိပ်မြင့် ဖိုက်တာ Ben Askren ကတော့ one က သူ့ကို တစ်ပွဲထိုးကြေး ဒေါ်လာငါးသောင်း (မြန်မာငွေ သိန်းခြောက်ရာကျော်)၊ နိုင်ရင် ဒေါ်လာငါးသောင်း (မြန်မာငွေ သိန်းခြောက်ရာကျော်) ပေးတယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။ ဒါဆိုသူက တစ်ပွဲကို စုစုပေါင်း သိန်း ၁၃၀၀ လောက် ရတာပေါ့။

Ben Askren နဲ့ One ဥက္ကဌ ချက်ထရီ တို့က အရင်ကတည်းက ခင်ကြလို့လားတော့ မသိဘူး။ ပြိုင်ကား နှစ်စီးတောင် Ben Askren ကို One Championship က ပလိန်းကြီး လက်ဆောင်ပေးခဲ့ပါတယ်။ နောက်ထပ် ကြားရတဲ့ တစ်ယောက်က One ရဲ့နာမည်ကြီး အမျိုးသမီးချန်ပီယံ ငယ်ငယ် ချောချောလေး အိန်ဂျလာလီပါ။

သူလည်း Ben Askren နည်းတူ တစ်ပွဲထိုးကြေး ဒေါ်လာ ငါးသောင်း (မြန်မာငွေ သိန်းခြောက်ရာကျော်)၊ နိုင်ရင် ဒေါ်လာငါးသောင်း (မြန်မာငွေ သိန်းခြောက်ရာကျော်) စုစုပေါင်းသိန်း ၁၃၀၀ လောက် ရတယ်လို့ တစွန်းတစ ကြားသိရပါတယ်။ ထိုးကြေး ပေးတဲ့ စည်းကမ်းက ပရိသတ် စိတ်ဝင်စားအောင် ပွဲသွင်းနိုင်တဲ့ ဖိုက်တာဖြစ်လေ ပိုက်ဆံပိုရလေ ဖြစ်ပါတယ်။ အခု အောင်လက One Championship ရဲ့နာမည် အကြီးဆုံး၊

One Championship facebook page မှာ like ရအများဆုံး၊ ပရိသတ်အားပေးအကြမ်းဆုံး၊ ပိုက်ဆံအရှာပေးနိုင်ဆုံး၊ စိတ်ဓာတ်လည်း အကောင်းဆုံး ဖိုက်တာ ဖြစ်နေပါတယ်။ ဒါကြောင့် အောင်လရဲ့ ကမ္ဘာ့ထိပ်သီး ဖိုက်တာ၊ ကမ္ဘာ့ထိပ်သီး နည်းပြတွေနဲ့ လေ့ကျင့်တဲ့ စရိတ်၊ မိသားစုကို အေးဆေးထောက်ပံ့ထားနိုင်မှု၊ One နဲ့လက်တွဲရတာ အရမ်းပျော်တယ်လို့အင်တာဗျူးမှာ ပြောထားမှု၊ One ရဲ့ငွေရှာ စက်ကြီးနဲ့ ပရိသတ်တွေကြား အကျော်ကြားဆုံး ဖိုက်တာ ဖြစ်နေမှု၊

ပရိသတ် အားပေးအကြမ်းဆုံးဖိုက်တာ ဖြစ်နေမှု စတာတွေကို ချုံငုံသုံးသပ် လိုက်ရင် One Championship ကနေ အောင်လရတဲ့ ငွေတွေမနည်း လောက်ဘူး။ ဒေါ်လာ သိန်းဂဏန်း ရလောက်တယ်။ ဒေါ်လာ တစ်သိန်း လောက်အနည်းဆုံး ရလောက်တယ်လို့ ခန့်မှန်းပါတယ်။ တစ်ပွဲကို ဒေါ်လာ တစ်သိန်းဆို မြန်မာငွေအားဖြင့် သိန်း တစ်ထောင့်သုံးရာပေါ့။ ဒီထက်လည်း များနိုင်တယ်။

Credit … Khit Thit

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -

Most Popular

Eminem – Stronger Than I Was

We woke reasonably late following the feast and free flowing wine the night before. After gathering ourselves and our packs, we...

Dj Dark – Chill Vibes

We woke reasonably late following the feast and free flowing wine the night before. After gathering ourselves and our packs, we...

Leona Lewis – Bleeding Love (Dj Dark & Adrian Funk Remix)

We woke reasonably late following the feast and free flowing wine the night before. After gathering ourselves and our packs, we...

Silicon Valley Guru Affected by the Fulminant Slashed Investments

We woke reasonably late following the feast and free flowing wine the night before. After gathering ourselves and our packs, we...

Recent Comments