Home Cele News မိဘလို ချစ်ရတဲ့ မြန်မာပြည်သိန်းတန် တို့ဇနီးမောင်နှံကို သွားရောက် ကန်တော့ခဲ့တဲ့ ဖြိုးမြတ်အောင်

မိဘလို ချစ်ရတဲ့ မြန်မာပြည်သိန်းတန် တို့ဇနီးမောင်နှံကို သွားရောက် ကန်တော့ခဲ့တဲ့ ဖြိုးမြတ်အောင်

Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ဟာဆိုရင် ပရိတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် က myanmar idol မှ ပြိုင်ပွဲဝင် တုန်းက သူ့ကို သားတစ်ယောက်လို ဆုံးမနည်းလမ်းပြခဲ့တဲ့ မြန်မာပြည်သိန်းတန် ကို သွားရောက်ကန်တော့ခဲ့တဲ့ အကြောင်း ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်

ဖြိုးမြတ်အောင်က ခုနောက်ပိုင်းမှာ သီချင်းလေးတွေဆိုရင်း ကြော်ငြာများလည်း ရိုက်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရှိနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်ကစက်တင်ဘာလ ၂၉ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးအခွေ သင့်အတွက် မနက်ဖြန် solo album ကလည်းပရိသတ်တွေအရမ်းကို အားပေးခဲ့ကြတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် ကို သားတစ်ယောက်လို သဘောထားပြီးချစ်ခင်ခဲ့သလို ပြိုင်ပွဲတစ်လျှောက်မှာလည်း မြန်မာပြည်သိန်းတန်ဟာဆိုရင် ဒိုင်တစ်ဦးအနေနဲ့ ဝေဖန်အကြံပေးမှုတွေရှိသလို ချီးကျူးစကားများကို လည်း အမြဲပြောလေ့ရှိသူပါ။ မြန်မာပြည်သိန်းတန်ကဖြိုးမြတ်အောင်အတွက် ပြိုင်ပွဲနောက်ဆုံးနေ့မှာ သီချင်းလေးတစ်ပုဒ်ကိုယ်တိုင်ရေးပြီး ချီးမြှင့်ခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ ဖြိုးမြတ်အောင်က ” ကျွန်တော့်ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာများဖြစ်တဲ့ အန်ကယ် နှင့် အန်တီကို သွားရောက် ကန်တော့ ဖြစ်ခဲ့ပါတယ်”လို့ ပြောထားပါတယ်။

မိဘလို ချစ်ရတဲ့ သူ့ရဲ့သင်ဆရာ မြန်မာပြည်သိန်းတန် တို့ဇနီးမောင်နှံကို သွားရောက် ကန်တော့ခဲ့တဲ့ ဖြိုးမြတ်အောင်တို့ရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်များ သဘောကျလိမ့်မယ် ထင်ပါတယ်။ မိုမိုလေး

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -

Most Popular

Eminem – Stronger Than I Was

We woke reasonably late following the feast and free flowing wine the night before. After gathering ourselves and our packs, we...

Dj Dark – Chill Vibes

We woke reasonably late following the feast and free flowing wine the night before. After gathering ourselves and our packs, we...

Leona Lewis – Bleeding Love (Dj Dark & Adrian Funk Remix)

We woke reasonably late following the feast and free flowing wine the night before. After gathering ourselves and our packs, we...

Silicon Valley Guru Affected by the Fulminant Slashed Investments

We woke reasonably late following the feast and free flowing wine the night before. After gathering ourselves and our packs, we...

Recent Comments