ကိုင်လီယန်အမ်ဘတ်ပီပီကိုခေါ်ယူနိုင်ဖို့ရှိနေတဲ့အသင်းတစ်သင်း

Sport

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကြယ်ပွင့် ကိုင်လီယန်အမ်ဘတ်ပီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မထင်မှတ်ထားလောက်အောင် ထွန်းတောက်လာခဲ့တဲ့ ကစားသမားလေး ဖြစ်ပါတယ် ။ ဒါ့အပြင် အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံးဆုရှင် ဖြစ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေ တညီတညွတ်တည်း တစ် ပေးချင်း ခံထားရတာလည်း ဖြစ်ပါတယ် ။ ပေါက်ကွဲအားပြင်းထန်တဲ့ ကစားပုံကို ပိုင်ဆိုင်ထားတဲ့ ပြင်သစ်သားလေးဟာ အောင်မြင်မှုတွေကိုလည်း မြန်မြန်ဆန်ဆန် ရယူထားနိုင်ခဲ့ပါတယ်။ အောင်မြင်မှုတွေအနေနဲ့ 2018 ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဆု ၊ 2018 ခုနှစ် လီဂူဝမ်း အကောင်းဆုံးကစားသမားဆုနဲ့ ဂိုးသွင်းဘုရင်ဆု (32ဂိုး) ၊ ဒါ့အပြင် လီဂူးဝမ်းဆုဖလားကိုလည်း ပီအက်ဂျီအသင်းနဲ့ 2 နှစ်ဆက် ဆွတ်ခူးထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အဆိုပါ ပြင်သစ်လူငယ်လေးဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ တစ်ကျော့ပြန် နည်းပြကြီး ဇီဒန်းရဲ့ ဖေးဘရိတ်ကစားသမားလည်း ဖြစ်နေပါတယ် ။ ယမန်နှစ်ရာသီက အခြေမလှခဲ့မှုကို ခြေဖျက်ဖို့ ရီးရဲလ်တို့ဟာ ချဲလ်ဆီးစတား အီဒက်ဟာဇက်နဲ့ ဂိုးသမား သီဘောက်စ်ကော်တွိုက်တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူပြီး အသေအချာ ပြင်ဆင်လာခဲ့ပါတယ် ။ ဒါပေမဲ့ နည်းပြကြီး ဇီဒါန်းအနေနဲ့ သူ့လူစာရင်းထဲကို ကမ္ဘာ့ချန်ပီယံ ပြင်သစ်လူငယ်လေးကို ထပ်ပေါင်းထည့်ချင်နေပုံပါပဲ ။

စပိန်ကလာတဲ့ သတင်းတွေအရ ရီးရဲလ်တို့ဟာ ပြင်သစ်လူငယ်လေးအတွက် ပီအက်ဂျီနဲ့ အကြို သဘောတူညီမှုတောင် ပြုလုပ်ထားပြီးပြီလို့ ဆိုပါတယ် ။သတင်းအရ ယူရို 35 သန်း ပေးချေခဲ့ပြီးဖြစ်ကာ ရာသီကုန်ဆုံးချိန်မှာ ယူရို 244 သန်း ထပ်မံပေးချေပြီး အပြီးသတ်ခေါ်ယူသွားမယ်လို့ သိရပါတယ် ။

ပြီးခဲ့တဲ့ တစ်ရာသီလုံး လစ်ဟာသွားတဲ့ ရော်နယ်ဒိုနဲ့ နေရာကို ရီးရဲလ်တို့ အစားထိုးနိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ် ။ ပီအက်ဂျီအသင်းအတွက် ပွဲ 90 ကစားပြီး 61 ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ အမ်ဘတ်ပီရဲ့ ဂိုးသွင်းနှုန်းတွေကတော့ အဆိုပါ နေရာကို ဖြည့်ဆည်းနိုင်မဲ့သူဖြစ်ကြောင်း သက်သေပြနေပါတယ် ။
ကိုင်လီယန်အတ်ဘတ်ပီတစ်ယောက် တော်ဝင်သားတစ်ယောက် ဖြစ်လာမလားဆိုတာကတော့

Yangon Sports

Leave a Reply

Your email address will not be published. Required fields are marked *