Home Uncategorized စပိန်က တရုတ်ကိုကျော်လွန်ပြီး အီတလီပြီးလျှင် COVID-19 ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်လာ

စပိန်က တရုတ်ကိုကျော်လွန်ပြီး အီတလီပြီးလျှင် COVID-19 ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်လာ

ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်နိုင်မှာထက် ပိုများလာခဲ့ပါတယ်။ စပိန်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်ထက် ပိုများလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အီတလီပြီးပါက သေဆုံးမှုအများဆုံး ဒုတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။

စပိန်နိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ နောက်ထပ် ၇၃၈ ဦးတိုးလာပြီး မတ်လ ၂၅ ရက်နေ့အထိ သေဆုံးသူအရေအတွက် စုစုပေါင်း ၃,၄၃၄ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ မတ်လ ၂၅ ရက်အထိ COVID-19 ကြောင့် သေဆုံးမှုအများဆုံးဟာ အီတလီနိုင်ငံမှာဖြစ်ပြီး ၆,၈၂၀ ဦး သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အဆိုးဆုံးအခြေအနေ ဖြစ်နေပါတယ်။

ယမန်နှစ် ဒီဇင်လဘာလကုန်က ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံမှာတော့ မတ်လ ၂၅ ရက်နေ့အထိ ၃,၂၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာတာကြောင့် စပိန်ဝန်ကြီးချုပ်က နိုင်ငံမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားမှုကာလကို နောက်ထပ် သီတင်းနှစ်ပတ်ကြာ တိုးချဲ့သတ်မှတ်ရန် လွှတ်တော်ကို အဆိုပြုထားတယ်လို့ ဆိုပါတယ်။

စပိန်လွှတ်တော်အမတ်တွေကလည်း ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်ရဲ့ အဆိုပြုမှုကို သဘောတူညီပြီး လာမယ့် ဧပြီ ၁၁ ရက်နေ့အထိ အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ခန့်မှန်းရကြောင်း BBC သတင်းက ဖော်ပြပါတယ်။ စပိန်မှာ အရေးပေါ်အခြေအနေ ကြေညာထားမှုအရ အများပြည်သူကို မရှိမဖြစ် အသုံးအဆောင်ပစ္စည်းများနဲ့ ဆေးဝါးများဝယ်ယူရန်ကလွဲပြီး နေအိမ်ပြင်ပထွက်ခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။

မတ်လ ၂၅ ရက်အထိ စပိန်မှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၇,၆၁၀ ဦးရှိပြီး ၃,၇၉၄ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၂၃ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၃,၂၅၂ ဦးနဲ့ သေဆုံးသူ ၁၉,၃၆၄ ဦးရှိပြီး ပြန်လည်သက်သာလာသူ အရေအတွက်မှာ ၁၁၁,၈၉၅ ဦးဖြစ်ကြောင်း သိရပါတယ်။

ဓူဝံ

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကုသကာကွယ်ရေးပစ္စည်းများ မြန်မာပြည် ရောက်ရှိ

COVIC-19 ကို ရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ကုသရေးအတွက် တရုတ်နိုင်ငံအစိုးရရဲ့ အကူအညီပစ္စည်းတွေဟာ မတ် ၂၆ ရက်ညမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံက အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ COVID-19 ရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အဖက်ဖက်ကနေပြီး ပူးပေါင်းဆောင်ရွက်ပေးသွားချင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr CHEN Hai ကပြောပါတယ်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက်...

မင်္ဂလာတောင်ညွှန့်ကရောဂါပိုးရှိသူရဲ့မိသားစုဝင်တွေပူးပေါင်းဆောင်ရွက်မှုအားနည်းနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

လူနာနေအိမ်ကိုတော့ Lock Down လုပ်ထား ရန်ကုန်တိုင်းက အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် လူနာ နေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းက ရှစ်ထပ်တိုက်တစ်ခုလုံးကို Lock Down လုပ်လိုက်ပြီလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက...

Covid-19 စောင့်ကြည့်ဌာနအဖြစ် သီတဂူဆေးရုံများကို အသုံးပြုနိုင်စေရန် ကိုယ်တိုင်ဖုန်းဆက်ညွှန်ကြားပေးတော်မူသည့် သီတဂူဆရာတော်ကြီး(ရုပ်သံ)

“သီတဂူဆေးရုံများ Covid-19 အတွက် စောင့်ကြည့်ဌာနအဖြစ် အသုံးပြုလိုပါက ပူးပေါင်းဆောင်ရွက်ပါမည်” ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်တည်ထောင်ထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ သီတဂူဆေးရုံတော်များကို (၁၄) ရက်တာ စောင့်ကြည့်နေရာဌာနများအဖြစ် ဆေးရုံအုပ်ချုပ်ရေးကော်မတီအဖွဲ့က အသုံးပြုရန်ဆန္ဒရှိပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနများဖြင့် ဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပါသည်။ ဒေါက်တာမြအောင် ဂုဏ်ထူးဆောင်ဥက္ကဌ သီတဂူသာသနာပြုအဖွဲ့ – မြန်မာနိုင်ငံအတွက် အထူးလိုအပ်လျှက်ရှိသော ကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီစဉ်ညွှန်ကြားချက်များနှင့်...

မင်္ဂလာတောင်ညွှန့်ရှိ COVID-19 ပိုးတွေ့သူမှာ ကင်ဆာရောဂါ၏ နောက်ဆုံးအဆင့်ကို ခံစားနေရသူဖြစ်

မင်္ဂလာတောင်ညွန့်ရှိ COVID-19 ပိုးတွေ့သူနှင့် မိသားစုဝင်နှစ်ဦးကို ဝေဘာဂီဆေးရုံသို့ပို့ထား ရန်ကုန်-COVID-19 ပိုးတွေ့ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အသက်(၆၉)နှစ်အရွယ်အမျိုးသားနှင့် ၎င်း၏မိသားစုဝင်နှစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။ ရောဂါပိုးတွေ့ရှိသူနှင့် အတူနေမိသားစုများနေထိုင်လျက်ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၀၈)၊၁၀၁ လမ်းရှိ ရှစ်ထပ်တိုက်အား ယနေ့နံနက်ကစတင်ကာ Lockdown...

COVID-19 လူနာ စီးနင်းခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်း ကိုယ်တိုင်လာရောက်အစစ်ဆေးခံ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းက COVID 19 ပိုးတွေ့ရှိထားတဲ့ လူနာ အသစ် (၂) ယောက်ကိုထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူနာဟာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီးတော့ Qatar Airline နဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဇာတိဖြစ်တဲ့ မန္တလေးမြို့သို့ ခိုင်မန္တလေး အလုံပိတ်ယာဉ်နဲ့...