Home Cele News ပြည်ပက ပြန်လာတဲ့ မြန်မာလူမျိုးတွေကို ကြိုဆိုပေးဖို့ ပြောလာတဲ့ ယွန်းဝတီလွင်မိုး

ပြည်ပက ပြန်လာတဲ့ မြန်မာလူမျိုးတွေကို ကြိုဆိုပေးဖို့ ပြောလာတဲ့ ယွန်းဝတီလွင်မိုး

သူမကိုယ်တိုင်ကလည်း ပြည်ပမှာနေထိုင်တဲ့ မြန်မာလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက ပြည်ပက ပြန်လာတဲ့ မြန်မာလူမျိုးတွေပေါ် နိုင်ငံသားအချင်းချင်း အပြစ်တင်ဝေဖန်ရဖို့ထက် လက်ကမ်းကြိုဆိုသင့်တယ်လို့ ဆိုလာပါတယ်။

ယွန်းဝတီလွင်မိုးဟာ COVID-19 ရောဂါကြောင့် ပြည်ပက ပြန်လာကြတဲ့ မြန်မာနိုင်ငံသားတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။

“ကိုယ့်နိုင်ငံသား ဘယ်သူမဆို ကိုယ်နိုင်ငံကို ပြန်လာတာ နွေးထွေးစွာကြိုဆိုရမှာပါ ။သာမာန်အလုပ်သမားတွေ ပြန်လာတာလဲ ကိုယ့်နိုင်ငံသားတွေပဲလေနော် ။သူတို့စည်းကမ်းတကျနေဖို့ကိုတော့အားလုံးကြိုးစား တိုက်တွန်းရမှာပေါ့နော်။ ကလေးတွေအားလုံးလဲ ကိုယ့်မိဘဆီပြန်လာချင်ကြရှာမှာပဲလေ ။ ပြန်မလာနိုင်တဲ့ ကလေးတွေ ရော ပြန်လာကြတဲ့ကလေးတွေရော အားလုံး၊ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ အားလုံးကိုယ်ချင်းစာစိတ်လေးထားပြီး ဒီခက်ခဲတဲ့ ကာလတွေကို ပူးပေါင်းဖြတ်ကျော်နိုင်ကြပါစေ” ဆိုပြီးတော့ ဆုတောင်းစကားဆိုလာပါတယ်။

လက်ရှိမှာလည်း COVID-19 ရောဂါမဖြစ်အောင် ကာကွယ်ရေးဖို့ ဆေးပစ္စည်းတွေကလည်း အဆမတန်ဈေးကြီးနေတဲ့ အပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။ ပြည်ပက ပြန်လာသူတွေကိုလည်း ဆဲရေးတိုင်းထွာခြင်း မပြုစေချင်ဘူးလို့လည်း သူက ဆိုပါတယ်။

” သူများတွေ နိုင်ငံအတွက် ဘာတွေကူညီနိုင်မလဲ စဉ်းစားပြီး ကူညီနေကြ ။ ပြင်ဆင်နေကြချိန်၊ volunteer အတွက်စာရင်းပေးထားကြချိန်။ စည်းကမ်းတွေ အတိအကျ လိုက်နာနေကြချိန်မှာ ။ဟိုလူတွေပြန်လာလို့ ၊ ဒီလူတွေကြောင့်၊ အပြစ်ထိုင်ပြော ၊ Facebook ကနေ ဆဲဆိုအကုသိုလ် များနေတဲ့သူတွေ ကိုယ့် Friend ထဲမှာတွေ့တယ်။ ဈေးတွေမတန်တဆတင်ရောင်းနေတဲ့ online shop တွေတွေ့တယ်” ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ နေ့လည် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားတာ တွေ့ရပါတယ်။

ယွန်းဝတီလွင်မိုးကိုယ်တိုင်ကလည်း လက်ရှိမှာ သြစတေးလျနိုင်ငံ မဲဘုန်းမြို့မှာ နေထိုင်တာ ဖြစ်ပါတယ်။ သူမဟာမိသားစု ဝင်တွေနဲ့ ခွဲနေရတာဖြစ်တဲ့အတွက် ကိုယ်ချင်းစာမိတဲ့ စိတ်နဲ့ အခုလို ရေးသားထားတာကို တွေ့ရပါတယ်။ သူမဟာ မဲဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူနဲ့အတူ ကျောင်းတက်ရင်း အလုပ်လုပ်နေတာလို့လည်း သိရပါတယ်။ ယွန်းဝတီလွင်မိုးကိုတော့ ပရိတ်သတ်တွေက ကလေးသရုပ်ဆောင်တစ်ယောက်လည်းဖြစ်၊ အကယ်ဒမီ လွင်မိုးရဲ့ သမီးအဖြစ် စတင်သိရှိခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၃) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။

ဓူဝံ

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကုသကာကွယ်ရေးပစ္စည်းများ မြန်မာပြည် ရောက်ရှိ

COVIC-19 ကို ရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ကုသရေးအတွက် တရုတ်နိုင်ငံအစိုးရရဲ့ အကူအညီပစ္စည်းတွေဟာ မတ် ၂၆ ရက်ညမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံက အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ COVID-19 ရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အဖက်ဖက်ကနေပြီး ပူးပေါင်းဆောင်ရွက်ပေးသွားချင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr CHEN Hai ကပြောပါတယ်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက်...

မင်္ဂလာတောင်ညွှန့်ကရောဂါပိုးရှိသူရဲ့မိသားစုဝင်တွေပူးပေါင်းဆောင်ရွက်မှုအားနည်းနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

လူနာနေအိမ်ကိုတော့ Lock Down လုပ်ထား ရန်ကုန်တိုင်းက အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် လူနာ နေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းက ရှစ်ထပ်တိုက်တစ်ခုလုံးကို Lock Down လုပ်လိုက်ပြီလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက...

Covid-19 စောင့်ကြည့်ဌာနအဖြစ် သီတဂူဆေးရုံများကို အသုံးပြုနိုင်စေရန် ကိုယ်တိုင်ဖုန်းဆက်ညွှန်ကြားပေးတော်မူသည့် သီတဂူဆရာတော်ကြီး(ရုပ်သံ)

“သီတဂူဆေးရုံများ Covid-19 အတွက် စောင့်ကြည့်ဌာနအဖြစ် အသုံးပြုလိုပါက ပူးပေါင်းဆောင်ရွက်ပါမည်” ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်တည်ထောင်ထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ သီတဂူဆေးရုံတော်များကို (၁၄) ရက်တာ စောင့်ကြည့်နေရာဌာနများအဖြစ် ဆေးရုံအုပ်ချုပ်ရေးကော်မတီအဖွဲ့က အသုံးပြုရန်ဆန္ဒရှိပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနများဖြင့် ဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပါသည်။ ဒေါက်တာမြအောင် ဂုဏ်ထူးဆောင်ဥက္ကဌ သီတဂူသာသနာပြုအဖွဲ့ – မြန်မာနိုင်ငံအတွက် အထူးလိုအပ်လျှက်ရှိသော ကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီစဉ်ညွှန်ကြားချက်များနှင့်...

မင်္ဂလာတောင်ညွှန့်ရှိ COVID-19 ပိုးတွေ့သူမှာ ကင်ဆာရောဂါ၏ နောက်ဆုံးအဆင့်ကို ခံစားနေရသူဖြစ်

မင်္ဂလာတောင်ညွန့်ရှိ COVID-19 ပိုးတွေ့သူနှင့် မိသားစုဝင်နှစ်ဦးကို ဝေဘာဂီဆေးရုံသို့ပို့ထား ရန်ကုန်-COVID-19 ပိုးတွေ့ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အသက်(၆၉)နှစ်အရွယ်အမျိုးသားနှင့် ၎င်း၏မိသားစုဝင်နှစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။ ရောဂါပိုးတွေ့ရှိသူနှင့် အတူနေမိသားစုများနေထိုင်လျက်ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၀၈)၊၁၀၁ လမ်းရှိ ရှစ်ထပ်တိုက်အား ယနေ့နံနက်ကစတင်ကာ Lockdown...

COVID-19 လူနာ စီးနင်းခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်း ကိုယ်တိုင်လာရောက်အစစ်ဆေးခံ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းက COVID 19 ပိုးတွေ့ရှိထားတဲ့ လူနာ အသစ် (၂) ယောက်ကိုထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူနာဟာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီးတော့ Qatar Airline နဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဇာတိဖြစ်တဲ့ မန္တလေးမြို့သို့ ခိုင်မန္တလေး အလုံပိတ်ယာဉ်နဲ့...