Home Uncategorized အသွားအလာကန့်သတ်ခြင်း Quarantine ကို လက်မခံပါက အရေးယူ‌မည်ဟု ရပ်ကွက်အတွင်း လိုက်လံနှိုးဆော်

အသွားအလာကန့်သတ်ခြင်း Quarantine ကို လက်မခံပါက အရေးယူ‌မည်ဟု ရပ်ကွက်အတွင်း လိုက်လံနှိုးဆော်

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနဲ့ ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေနဲ့ အသွားအလာကန့်သတ်ထိန်းချုပ်  Quarantine လုပ်တာကို လက်မခံရင်အရေးယူမယ့် အကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးက ရပ်ကွက်တွေမှာ  သက်ဆိုင်ရာက အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော် သတိပေးနေပါတယ်။ 

မနေ့ကကျင်းပတဲ့ အစည်းအဝေးမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက မြို့နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး‌တွေအနေနဲ့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေနဲ့ ပူးပေါင်းကာ လူမှုရေးအဖွဲ့အစည်း‌တွေ၊ ရပ်ရွာလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူကာ အသွားအလာကန့်သတ်ခြင်း (quarantine) ခံယူသူတွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို ကြီးကြပ်ဆောင်ရွက်ရမှာဖြစ်‌ကြောင်း၊ လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေနဲ့အညီ အရေးယူရမှာဖြစ်‌ကြောင်း ထည့်သွင်း‌ပြောကြားသွားပါတယ်။

ဒါ့အပြင် ပြည်သူ‌တွေအနေနဲ့အစိုးရိမ်လွန်ကာ ရောဂါဖြစ်ပွားရာနိုင်ငံတွေက ပြန်လာသူတွေကို ခွဲခြားဆက်ဆံတာမပြုလုပ်ဖို့ အရေးကြီး‌ကြောင်း၊ ခွဲခြားဆက်ဆံရင် ပုန်းကွယ်ရှောင်ပုန်းမှုတွေ ဖြစ်ပေါ်လာနိုင်တာ‌ကြောင့် နောက်ဆက်တွဲအန္တရာယ်နဲ့ ဆိုးကျိုး‌တွေ ဖြစ်ပွားနိုင်‌ကြောင်းလည်း ဝန်ကြီးက ပြောကြားပါတယ်။

ပြည်ပနိုင်ငံတွေက ပြန်လာသူတွေအနေနဲ့  သတ်မှတ်နေရာတွေမှာ ၁၄ရက် အသွားအလာကန့်သတ် (quarantine) နေထိုင်ဖို့ အစိုးရက ညွှန်ကြားထားပေမယ့် မလိုက်နာသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရတဲ့ အတည်ပြုလူနာ ၃ ဦးတွေ့ရှိထားပြီး ဒီအထဲက ၂ ဦးက အင်္ဂလန်ကပြန်လာတာဖြစ်ပြီး ၁ ဦးက အမေရိကန်က ပြန်လာသူဖြစ်ပါတယ်။ 

မတ် ၂၅ရက် ည ၆ နာရီထိ COVID-19 စောင့်ကြည့်လူနာ ၃၈ ဦးထပ်တိုးတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ဒါကြောင့် သံသယနဲ့ စောင့်ကြည့်လူနာ စုစုပေါင်း ၂၇၅ဦးရှိပြီဖြစ်ပါတယ်။

အဲဒီထဲမှာ ဓာတ်ခွဲစမ်းသပ်မှုအရ အတည်ပြုလူနာသုံးဦးရှိပြီး ၂၁၂ ဦးမှာတော့ ရောဂါမတွေ့ရှိရဘူးလို့ဆိုပါတယ်။  မနေ့ညက ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာ ၄၀ ဦးရဲ့ ဓာတ်ခွဲအဖြေတွေမှာ COVID-19 ရောဂါပိုး မရှိကြောင်းဖော်ပြထားပါတယ်။ 

ဒီဗွီဘီ

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကုသကာကွယ်ရေးပစ္စည်းများ မြန်မာပြည် ရောက်ရှိ

COVIC-19 ကို ရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ကုသရေးအတွက် တရုတ်နိုင်ငံအစိုးရရဲ့ အကူအညီပစ္စည်းတွေဟာ မတ် ၂၆ ရက်ညမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံက အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ COVID-19 ရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အဖက်ဖက်ကနေပြီး ပူးပေါင်းဆောင်ရွက်ပေးသွားချင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr CHEN Hai ကပြောပါတယ်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက်...

မင်္ဂလာတောင်ညွှန့်ကရောဂါပိုးရှိသူရဲ့မိသားစုဝင်တွေပူးပေါင်းဆောင်ရွက်မှုအားနည်းနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

လူနာနေအိမ်ကိုတော့ Lock Down လုပ်ထား ရန်ကုန်တိုင်းက အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် လူနာ နေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းက ရှစ်ထပ်တိုက်တစ်ခုလုံးကို Lock Down လုပ်လိုက်ပြီလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက...

Covid-19 စောင့်ကြည့်ဌာနအဖြစ် သီတဂူဆေးရုံများကို အသုံးပြုနိုင်စေရန် ကိုယ်တိုင်ဖုန်းဆက်ညွှန်ကြားပေးတော်မူသည့် သီတဂူဆရာတော်ကြီး(ရုပ်သံ)

“သီတဂူဆေးရုံများ Covid-19 အတွက် စောင့်ကြည့်ဌာနအဖြစ် အသုံးပြုလိုပါက ပူးပေါင်းဆောင်ရွက်ပါမည်” ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်တည်ထောင်ထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ သီတဂူဆေးရုံတော်များကို (၁၄) ရက်တာ စောင့်ကြည့်နေရာဌာနများအဖြစ် ဆေးရုံအုပ်ချုပ်ရေးကော်မတီအဖွဲ့က အသုံးပြုရန်ဆန္ဒရှိပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနများဖြင့် ဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပါသည်။ ဒေါက်တာမြအောင် ဂုဏ်ထူးဆောင်ဥက္ကဌ သီတဂူသာသနာပြုအဖွဲ့ – မြန်မာနိုင်ငံအတွက် အထူးလိုအပ်လျှက်ရှိသော ကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီစဉ်ညွှန်ကြားချက်များနှင့်...

မင်္ဂလာတောင်ညွှန့်ရှိ COVID-19 ပိုးတွေ့သူမှာ ကင်ဆာရောဂါ၏ နောက်ဆုံးအဆင့်ကို ခံစားနေရသူဖြစ်

မင်္ဂလာတောင်ညွန့်ရှိ COVID-19 ပိုးတွေ့သူနှင့် မိသားစုဝင်နှစ်ဦးကို ဝေဘာဂီဆေးရုံသို့ပို့ထား ရန်ကုန်-COVID-19 ပိုးတွေ့ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အသက်(၆၉)နှစ်အရွယ်အမျိုးသားနှင့် ၎င်း၏မိသားစုဝင်နှစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။ ရောဂါပိုးတွေ့ရှိသူနှင့် အတူနေမိသားစုများနေထိုင်လျက်ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၀၈)၊၁၀၁ လမ်းရှိ ရှစ်ထပ်တိုက်အား ယနေ့နံနက်ကစတင်ကာ Lockdown...

COVID-19 လူနာ စီးနင်းခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်း ကိုယ်တိုင်လာရောက်အစစ်ဆေးခံ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းက COVID 19 ပိုးတွေ့ရှိထားတဲ့ လူနာ အသစ် (၂) ယောက်ကိုထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူနာဟာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီးတော့ Qatar Airline နဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဇာတိဖြစ်တဲ့ မန္တလေးမြို့သို့ ခိုင်မန္တလေး အလုံပိတ်ယာဉ်နဲ့...