Home Uncategorized ကိုရိုနာဗိုင်းရပ်စ်ကို ဇီဝလက်နက်သဖွယ်အသုံးပြု၍ ကူးစက်ပျံ့ပွားစေခြင်းကြောင့် ဒေါ်လာ ၂၀ ထရီလီယံ လျော်ကြေးရလိုကြောင်း တရုတ်အား အမေရိကန် တရားစွဲဆို

ကိုရိုနာဗိုင်းရပ်စ်ကို ဇီဝလက်နက်သဖွယ်အသုံးပြု၍ ကူးစက်ပျံ့ပွားစေခြင်းကြောင့် ဒေါ်လာ ၂၀ ထရီလီယံ လျော်ကြေးရလိုကြောင်း တရုတ်အား အမေရိကန် တရားစွဲဆို

တရုတ်နိုင်သည် ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကို ကူးစက်ပျံ့ပွားစေလျှက် ၄င်း၏ ရန်ဖက်တို့အပေါ် လက်နက်သဖွယ် အသုံး ပြုခြင်းကြောင့် ဒေါ်လာ ၂၀ ထရီလီယံ လျော်ကြေးရလိုကြောင်း အမေရိကန် လွှတ်တော်အမတ် Larry Klayman လာရီကလေမန်း က တရားစွဲဆိုလိုက်သည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ကလေမန်းနှင့် Freedom Watch အုပ်စု ရှေ့နေများက အမေရိကန်၊ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံး တော်၌ တရားစွဲဆိုရာတွင် တရုတ်နိုင်ငံက စစ်မက်ရေးရာတွင်အသုံးပြုသော ဇီဝလက်နက်ကို အသုံးပြုကြောင်း ဖော်ပြလျက် တရုတ်နိုင်ငံသည် တမင်ရည်ရွယ်လျှက်ဖြစ်စေ မရည်ရွယ်ပဲဖြစ်စေ ကိုဗစ်-နိုင်တင်း ကူးစက်ကပ် ရောဂါကို ဖြစ်ပွား စေခြင်းဖြင့် အမေရိကန်၏ဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ သဘောတူ စာချုပ်များနှင့် စံချိန်စံနှုန်းများကို ချိုးဖောက်ရာရောက်ကြောင်း ပါရှိသည်ဟု ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် အဆိုပါလက်နက်များ အသုံးပြုခြင်းမှ တရားဝင်တားမြစ်ရန် သဘောတူထားပြီးဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် တရားဝင်လုပ်ထုံးလုပ်နည်းမဟုတ်သည့် ယခုကဲ့သို့ ဖြစ်စေခြင်းမှာ ဥပဒေအရ ပြစ်မှု ကျူးလွန်ရာရောက်ကြောင်း တရားစွဲဆိုမှု၌ ဖော်ပြထားသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ၄င်းက ရန်သူဖြစ်သည်ဟု ယူမှတ်သော အမေရိကန်နိုင်ငံသားများ၊ အခြားလူ ပုဂ္ဂိုလ် များနှင့် အဖွဲ့အစည်းများအား သတ်ဖြတ်ရန် ရည်ရွယ်လျက် ၄င်း၏ ဓာတ်ခွဲခန်းအတွင်း ဗိုင်းရပ်စ်ပိုးကို ထိန်းသိမ်း ထားခဲ့ကြောင်း စွပ်စွဲထားသည်။

ကိုဗစ်-နိုင်တင်းသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်စေခြင်း၊ အလွယ်တကူ လျင်မြန်စွာ ပျံ့နှံစေသည့် ရန်လိုသော သဘောသဘာဝရှိခြင်းကြောင့် အလွန်အန္တရာယ်များသည့် ရောဂါတစ်ခုဖြစ်ကြောင်း၊ ရောဂါသစ်ဖြစ်သောကြောင့် ကာကွယ်ဆေးလည်း မရှိသေးကြောင်း။ ရောဂါအကြောင်း ယခုထိ မည်သူမျှ အပြည့်အစုံ တိကျစွာ မသိရှိရသေးပဲ၊ လူနာ၏ လက်ငင်းတွေ့ရှိရသော ဝေဒနာလက္ခဏာများအပေါ် မူတည်ကာ ကုသပေးနေရကြောင်း၊ အဆိုပါ ရောဂါ သည် ရာသီချိန်တုပ်ကွေးနှင့်တူပြီး၊ တရုတ် နိုင်ငံသည် လူအများအပြားကို အစုအပုံလိုက် သတ်ဖြတ်ရန် အလွန် ထိရောက်၍ အသက်ဘေးကျ ရောက်စေသည့် Covid-19 ရောဂါပိုး ဗိုင်းရပ်စ်ကို ဇီဝလက်နက်အဖြစ် ထုတ်လုပ် ခဲ့ကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံက အနည်းဆုံး ဒေါ်လာ ၂၀ ထရီယီယံ ပေးလျော်သင့်ကြောင်း တရားစွဲဆိုမှု၌ ထပ်လောင်း ဖော်ပြထားသည်။

လွန်ခဲ့သည့်နှစ် တရုတ်နိုင်ငံ ၀ူဟန်မြို့မှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ ကမ္ဘာအနှံ့ လူပေါင်း ၄၀ဝ,၀ဝ၀ ကျော်တို့ကို ကူးစက်ခဲ့ပြီး ၁၈၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

အကုန်သိ

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကုသကာကွယ်ရေးပစ္စည်းများ မြန်မာပြည် ရောက်ရှိ

COVIC-19 ကို ရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ကုသရေးအတွက် တရုတ်နိုင်ငံအစိုးရရဲ့ အကူအညီပစ္စည်းတွေဟာ မတ် ၂၆ ရက်ညမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံက အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ COVID-19 ရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အဖက်ဖက်ကနေပြီး ပူးပေါင်းဆောင်ရွက်ပေးသွားချင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr CHEN Hai ကပြောပါတယ်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက်...

မင်္ဂလာတောင်ညွှန့်ကရောဂါပိုးရှိသူရဲ့မိသားစုဝင်တွေပူးပေါင်းဆောင်ရွက်မှုအားနည်းနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

လူနာနေအိမ်ကိုတော့ Lock Down လုပ်ထား ရန်ကုန်တိုင်းက အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် လူနာ နေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းက ရှစ်ထပ်တိုက်တစ်ခုလုံးကို Lock Down လုပ်လိုက်ပြီလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက...

Covid-19 စောင့်ကြည့်ဌာနအဖြစ် သီတဂူဆေးရုံများကို အသုံးပြုနိုင်စေရန် ကိုယ်တိုင်ဖုန်းဆက်ညွှန်ကြားပေးတော်မူသည့် သီတဂူဆရာတော်ကြီး(ရုပ်သံ)

“သီတဂူဆေးရုံများ Covid-19 အတွက် စောင့်ကြည့်ဌာနအဖြစ် အသုံးပြုလိုပါက ပူးပေါင်းဆောင်ရွက်ပါမည်” ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်တည်ထောင်ထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ သီတဂူဆေးရုံတော်များကို (၁၄) ရက်တာ စောင့်ကြည့်နေရာဌာနများအဖြစ် ဆေးရုံအုပ်ချုပ်ရေးကော်မတီအဖွဲ့က အသုံးပြုရန်ဆန္ဒရှိပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနများဖြင့် ဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပါသည်။ ဒေါက်တာမြအောင် ဂုဏ်ထူးဆောင်ဥက္ကဌ သီတဂူသာသနာပြုအဖွဲ့ – မြန်မာနိုင်ငံအတွက် အထူးလိုအပ်လျှက်ရှိသော ကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီစဉ်ညွှန်ကြားချက်များနှင့်...

မင်္ဂလာတောင်ညွှန့်ရှိ COVID-19 ပိုးတွေ့သူမှာ ကင်ဆာရောဂါ၏ နောက်ဆုံးအဆင့်ကို ခံစားနေရသူဖြစ်

မင်္ဂလာတောင်ညွန့်ရှိ COVID-19 ပိုးတွေ့သူနှင့် မိသားစုဝင်နှစ်ဦးကို ဝေဘာဂီဆေးရုံသို့ပို့ထား ရန်ကုန်-COVID-19 ပိုးတွေ့ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အသက်(၆၉)နှစ်အရွယ်အမျိုးသားနှင့် ၎င်း၏မိသားစုဝင်နှစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။ ရောဂါပိုးတွေ့ရှိသူနှင့် အတူနေမိသားစုများနေထိုင်လျက်ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၀၈)၊၁၀၁ လမ်းရှိ ရှစ်ထပ်တိုက်အား ယနေ့နံနက်ကစတင်ကာ Lockdown...

COVID-19 လူနာ စီးနင်းခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်း ကိုယ်တိုင်လာရောက်အစစ်ဆေးခံ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းက COVID 19 ပိုးတွေ့ရှိထားတဲ့ လူနာ အသစ် (၂) ယောက်ကိုထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူနာဟာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီးတော့ Qatar Airline နဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဇာတိဖြစ်တဲ့ မန္တလေးမြို့သို့ ခိုင်မန္တလေး အလုံပိတ်ယာဉ်နဲ့...