Home Uncategorized ရွာသာကြီးစက်မှုဇုန်မှာ အလုပ်သမားလေးထောင်နီးပါးဆန္ဒထုတ်ဖော်နေ

ရွာသာကြီးစက်မှုဇုန်မှာ အလုပ်သမားလေးထောင်နီးပါးဆန္ဒထုတ်ဖော်နေ

ရွာသာကြီးစက်မှုဇုန်မှာ အလုပ်သမားလေးထောင်နီးပါးဆန္ဒထုတ်ဖော်နေ

အလုပ်ထုတ်ခံရလို့ဖြစ်ပါတယ်။ရွာသာကြီးစက်မှုဇုန်အတွင်း GEG အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို အလုပ်ဆက်မခန့်တော့ဘူးလို့ ကြေညာလိုက်ပြီးတဲ့နောက် ဒီနေ့ မတ်လ ၂၆ ရက်မှာ အလုပ်သမား လေးထောင်ကျော် ဆန္ဒထုတ်ဖော်နေကြပါတယ်။

တရုတ်နိုင်ငံသားပိုင် Grand Enterprise Garment ကုမ္ပဏီကနေ လုပ်သားအင်အားလျှော့ချတယ်ဆိုပြီး ဒီလကုန်ကစတင်ကာ လုပ်သက်တစ်နှစ်ခွဲအောက် အလုပ်သမား ၂၃၀၀၀ ကျော်လောက်ကို အလုပ်ထုတ်လိုက်မယ်လို့ ကြေညာလိုက်ပါတယ်။

ဒါကြောင့်စက်ရုံအလုပ်သမားတွေဟာ ဒီနေ့မတ်လ ၂၆ ရက် မနက်ပိုင်းကစတင်ပြီး ဆန္ဒထုတ်ဖော်နေခဲ့ရာ ဒီနေ့နေ့လယ်ပိုင်းမှာတော့ သပိတ်စခန်းချလိုက်ပြီလို့ သိရပါတယ်။

အထုတ်ခံရတဲ့အလုပ်သမားတွေ အလုပ်ပြန်လည်ရရှိရေး၊ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလမှာ ရရှိနေတဲ့ ခံစားခွင့်ငွေကြေးရရှိရေး၊စက်ရုံတွင်းက အလုပ်သမား ခေါင်းဆောင်တွေကိုပြန်လည်ရွေးချယ်ပေးရေးတို့နဲ့ပတ်သက်ပြီး အလုပ်သမားတွေဘက်က တာင်းဆိုဆန္ဒပြနေခဲ့ကြတာပါ။

“လုပ်ငန်းရှင်တွေဘက်က သေချာပြောထားတာက တစ်ချည်တည်းပဲ အဲဒါကဘာလဲဆိုတော့ လုပ်ငန်းရှင်ဘက်က လူလျှော့တယ်ဆိုပြီး တစ်ခွန်းတည်းပဲ ပြောတာ။ ဘာအကြောင်းပြချက်မှ ရေရေရာရာမရှိဘူး။ အလုပ်သမားတွေဘက်ကတော့ စက်ရုံက သူတို့ထုတ်လုပ်တဲ့ကုန်ချောကို ပြည်ပကိုတင်သွင်းလို့မရတော့တဲ့အခြေအနေကို ရောက်နေလို့ဆိုပြီး ပြောပါတယ်။” လို့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS မှ တာဝန်ရှိသူ ကိုရှိုင်းဝေထူးက Duwun ကိုပြောပါတယ်။

လက်ရှိတော့ ဒီကိစ္စကို ညှိနှိုင်းဖို့အတွက်သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေ ဆွေးနွေးညှိနှိုင်းနေကြဆဲပဲလို့ သိရပါတယ်။

“ ကျွန်တော်တို့ အဓိက ညှိနှိုင်းပေးဖို့က အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးရေးကိုပဲ တောင်းဆိုမှာပါ။ “ လို့MICS မှ ကိုသူရကပြောပါတယ်။

လက်ရှိမှာ COVID-19 ဂယက်ကြောင့် ရန်ကုန်တိုင်းအတွင်း အထည်ချုပ်စက်ရုံအများစု ပိတ်သိမ်းတာတွေ၊ အလုပ်သမားအင်အားလျှော့ချတာတွေ ပြုလုပ်နေတာကြောင့် အလုပ်သမား ၈၀၀၀ ကျော်လောက် အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

ဓူဝံ

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကုသကာကွယ်ရေးပစ္စည်းများ မြန်မာပြည် ရောက်ရှိ

COVIC-19 ကို ရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ကုသရေးအတွက် တရုတ်နိုင်ငံအစိုးရရဲ့ အကူအညီပစ္စည်းတွေဟာ မတ် ၂၆ ရက်ညမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံက အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ COVID-19 ရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အဖက်ဖက်ကနေပြီး ပူးပေါင်းဆောင်ရွက်ပေးသွားချင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr CHEN Hai ကပြောပါတယ်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက်...

မင်္ဂလာတောင်ညွှန့်ကရောဂါပိုးရှိသူရဲ့မိသားစုဝင်တွေပူးပေါင်းဆောင်ရွက်မှုအားနည်းနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

လူနာနေအိမ်ကိုတော့ Lock Down လုပ်ထား ရန်ကုန်တိုင်းက အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် လူနာ နေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းက ရှစ်ထပ်တိုက်တစ်ခုလုံးကို Lock Down လုပ်လိုက်ပြီလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက...

Covid-19 စောင့်ကြည့်ဌာနအဖြစ် သီတဂူဆေးရုံများကို အသုံးပြုနိုင်စေရန် ကိုယ်တိုင်ဖုန်းဆက်ညွှန်ကြားပေးတော်မူသည့် သီတဂူဆရာတော်ကြီး(ရုပ်သံ)

“သီတဂူဆေးရုံများ Covid-19 အတွက် စောင့်ကြည့်ဌာနအဖြစ် အသုံးပြုလိုပါက ပူးပေါင်းဆောင်ရွက်ပါမည်” ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်တည်ထောင်ထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ သီတဂူဆေးရုံတော်များကို (၁၄) ရက်တာ စောင့်ကြည့်နေရာဌာနများအဖြစ် ဆေးရုံအုပ်ချုပ်ရေးကော်မတီအဖွဲ့က အသုံးပြုရန်ဆန္ဒရှိပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနများဖြင့် ဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပါသည်။ ဒေါက်တာမြအောင် ဂုဏ်ထူးဆောင်ဥက္ကဌ သီတဂူသာသနာပြုအဖွဲ့ – မြန်မာနိုင်ငံအတွက် အထူးလိုအပ်လျှက်ရှိသော ကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီစဉ်ညွှန်ကြားချက်များနှင့်...

မင်္ဂလာတောင်ညွှန့်ရှိ COVID-19 ပိုးတွေ့သူမှာ ကင်ဆာရောဂါ၏ နောက်ဆုံးအဆင့်ကို ခံစားနေရသူဖြစ်

မင်္ဂလာတောင်ညွန့်ရှိ COVID-19 ပိုးတွေ့သူနှင့် မိသားစုဝင်နှစ်ဦးကို ဝေဘာဂီဆေးရုံသို့ပို့ထား ရန်ကုန်-COVID-19 ပိုးတွေ့ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အသက်(၆၉)နှစ်အရွယ်အမျိုးသားနှင့် ၎င်း၏မိသားစုဝင်နှစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။ ရောဂါပိုးတွေ့ရှိသူနှင့် အတူနေမိသားစုများနေထိုင်လျက်ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၀၈)၊၁၀၁ လမ်းရှိ ရှစ်ထပ်တိုက်အား ယနေ့နံနက်ကစတင်ကာ Lockdown...

COVID-19 လူနာ စီးနင်းခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်း ကိုယ်တိုင်လာရောက်အစစ်ဆေးခံ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းက COVID 19 ပိုးတွေ့ရှိထားတဲ့ လူနာ အသစ် (၂) ယောက်ကိုထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူနာဟာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီးတော့ Qatar Airline နဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဇာတိဖြစ်တဲ့ မန္တလေးမြို့သို့ ခိုင်မန္တလေး အလုံပိတ်ယာဉ်နဲ့...