Home Uncategorized ထိုင်းတွင် ဆရာဝန် ၉ ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရ

ထိုင်းတွင် ဆရာဝန် ၉ ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရ

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲက ဆရာဝန် ၉ ဦး ဗိုင်းရပ်စ်ကူးစက်ခံနေရပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ မတ်လ ၂၆ ရက်နေ့ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးအခြေအနေ တင်ပြချက်မှာ နောက်ထပ် ကိုရိုနာပိုးကူးစက်ခံရသူ ၁၁၁ ဦးရှိပြီး အဲဒီထဲမှာ လူနာတွေကို ကုသနေတဲ့ ဆရာဝန် ၃ ဦးပါ ပါဝင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာ အနုဖုန်း ဆုကျရိယကွန်းက ပြောပါတယ်။

ဒီမတိုင်ခင်က လူနာတွေကုသရင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ဆရာဝန် ၆ ဦးရှိပြီး ဒီကနေ့ပါဆိုရင် စုစုပေါင်း ၉ ဦး ရှိသွားပြီဖြစ်ကြောင်း၊ အဆိုပါဆရာဝန်တွေထဲမှာ ပုဂ္ဂလိက ဆေးရုံက ဆရာဝန်တွေလည်း ပါဝင်ပြီး ခုလိုကူးစက်ခံရတဲ့ အကြောင်းရင်းမှာ ဆေးရုံကို ရောက်ရှိလာတဲ့ လူနာက သွေးလွန်တုပ်ကွေး ဖြစ်တယ်လို့သာ ပြောပြီး သူတို့ ရောက်ရှိ သွားလာခဲ့တဲ့နေရာတွေကို ထိမ်ချန်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဆရာဝန်တွေကလည်း ရောဂါကာကွယ်ရေးဝတ်စုံကို ပြည့်စုံစွာ မဝတ်ဆင်ဘဲ ကူးစက်ခဲ့ကြောင်း၊ ဒီချိန်ကစပြီး ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းအားလုံး ရောဂါကာကွယ်ရေးဝတ်စုံတွေ အပြည့်ဝတ်ပြီး ဆေးရုံအဆောက်အဦမှာ ရောဂါကင်းစင်ရေးတွေ အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဒေါက်တာအနုဖုန်းက ပြောသွားပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး naewna ထိုင်းသတင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ဆမွတ်ပရကန်ခရိုင် ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီးလည်း ပါဝင်ကြောင်း၊ ဆေးရုံအုပ်ကြီးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက နေမကောင်းတဲ့ လက္ခဏာတွေရှိနေလို့ ကိုရိုနာပိုးစစ်ဆေးရာမှာ ကူးစက်ခံရကြောင်း အဖြေထွက်ခဲ့တာလို့ ဆမွတ်ပရကန်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာဖွန်းနရုန်းဆီမုန့်ရဲ့ အပြောကို ကိုးကားဖော်ပြထားပါတယ်။

ဆေးရုံအုပ်ကြီးဟာ ဒီမတိုင်ခင်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးလည်း လုပ်ခဲ့တာကြောင့် အစည်းဝေးထဲ ပါဝင်သူ ကျန်းမာရေးဝန်ထမ်းအယောက် ၂၀ ဟာလည်း အလုပ်မဆင်းဘဲ အခြေအနေ စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိုင်းပီဘီအက်စ် သတင်းမှာလည်း ထိုင်းတောင်ပိုင်း ယလားခရိုင်မှာ ဆရာဝန် ၁ ဦးနဲ့ သူနာပြု ၂ ဦးတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီး သူတို့နဲ့ ဆက်စပ်နေသူပေါင်း ၂၁ ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ စောင့်ကြည့်ခံနေရတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ မတ်လ ၂၆ ရက်နေ့ မနက်က ကြေညာချက်အရ နောက်ထပ်ကူးစက်ခံရသူ ၁၁၁ ဦးရှိပြီး အဲဒီထဲမှာ ယခင်ကူးစက်ခံရသူတွေ သွားလာခဲ့တဲ့နေရာ လက်ဝှေ့ရုံ၊ ဘားဆိုင်၊ ပါတီပွဲထဲက လူတွေ၊ မလေးရှား ဘာသာရေးဆုတောင်းပွဲ သွားခဲ့သူတွေ၊ နိုင်ငံခြားက ဝင်လာတဲ့သူတွေ၊ လူအုပ်ထဲမှာ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေ၊ နိုင်ငံခြားသားတွေကို ကားမောင်းပို့ပေးတဲ့ ယာဉ်မောင်းသမား၊ ကုမ္ပဏီဝန်ထမ်း၊ အနှိပ်သမားနဲ့ လူနာတွေကို ကုသနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

မတ် ၂၆ ရက်နေ့ထိ ထိုင်းမှာ ကိုရိုနာကူးစက်ခံရသူ စုစုပေါင်း ၁၀၄၅ ဦး ရှိသွားပြီဖြစ်ပြီး သက်သာပျောက်ကင်းလို့ ဆေးရုံကဆင်းရသူ ၈၈ ဦး၊ သေဆုံးသူ ၄ ဦး၊ ရောဂါပြင်းထန်သူ ၄ ဦးနဲ့ ဆေးရုံမှာ တက်ရောက်ကုသနေ သူပေါင်း ၉၅၃ ဦးရှိတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီဗွီဘီ

LEAVE A REPLY

Please enter your comment!
Please enter your name here

Must Read

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကုသကာကွယ်ရေးပစ္စည်းများ မြန်မာပြည် ရောက်ရှိ

COVIC-19 ကို ရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ကုသရေးအတွက် တရုတ်နိုင်ငံအစိုးရရဲ့ အကူအညီပစ္စည်းတွေဟာ မတ် ၂၆ ရက်ညမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံက အနာဂတ်မှာ မြန်မာနိုင်ငံနဲ့ COVID-19 ရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အဖက်ဖက်ကနေပြီး ပူးပေါင်းဆောင်ရွက်ပေးသွားချင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr CHEN Hai ကပြောပါတယ်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအတွက်...

မင်္ဂလာတောင်ညွှန့်ကရောဂါပိုးရှိသူရဲ့မိသားစုဝင်တွေပူးပေါင်းဆောင်ရွက်မှုအားနည်းနေဟု လွှတ်တော်ကိုယ်စားလှယ်ပြော

လူနာနေအိမ်ကိုတော့ Lock Down လုပ်ထား ရန်ကုန်တိုင်းက အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် လူနာ နေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ် ၁၀၁ လမ်းက ရှစ်ထပ်တိုက်တစ်ခုလုံးကို Lock Down လုပ်လိုက်ပြီလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက...

Covid-19 စောင့်ကြည့်ဌာနအဖြစ် သီတဂူဆေးရုံများကို အသုံးပြုနိုင်စေရန် ကိုယ်တိုင်ဖုန်းဆက်ညွှန်ကြားပေးတော်မူသည့် သီတဂူဆရာတော်ကြီး(ရုပ်သံ)

“သီတဂူဆေးရုံများ Covid-19 အတွက် စောင့်ကြည့်ဌာနအဖြစ် အသုံးပြုလိုပါက ပူးပေါင်းဆောင်ရွက်ပါမည်” ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးဦးဆောင်တည်ထောင်ထားသော မြန်မာနိုင်ငံတစ်ဝှမ်းရှိ သီတဂူဆေးရုံတော်များကို (၁၄) ရက်တာ စောင့်ကြည့်နေရာဌာနများအဖြစ် ဆေးရုံအုပ်ချုပ်ရေးကော်မတီအဖွဲ့က အသုံးပြုရန်ဆန္ဒရှိပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနများဖြင့် ဆွေးနွေးတိုင်ပင်ပြီး အသုံးပြုနိုင်ရန်အတွက် ခွင့်ပြုပါသည်။ ဒေါက်တာမြအောင် ဂုဏ်ထူးဆောင်ဥက္ကဌ သီတဂူသာသနာပြုအဖွဲ့ – မြန်မာနိုင်ငံအတွက် အထူးလိုအပ်လျှက်ရှိသော ကျန်းမာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီစဉ်ညွှန်ကြားချက်များနှင့်...

မင်္ဂလာတောင်ညွှန့်ရှိ COVID-19 ပိုးတွေ့သူမှာ ကင်ဆာရောဂါ၏ နောက်ဆုံးအဆင့်ကို ခံစားနေရသူဖြစ်

မင်္ဂလာတောင်ညွန့်ရှိ COVID-19 ပိုးတွေ့သူနှင့် မိသားစုဝင်နှစ်ဦးကို ဝေဘာဂီဆေးရုံသို့ပို့ထား ရန်ကုန်-COVID-19 ပိုးတွေ့ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အသက်(၆၉)နှစ်အရွယ်အမျိုးသားနှင့် ၎င်း၏မိသားစုဝင်နှစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။ ရောဂါပိုးတွေ့ရှိသူနှင့် အတူနေမိသားစုများနေထိုင်လျက်ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၀၈)၊၁၀၁ လမ်းရှိ ရှစ်ထပ်တိုက်အား ယနေ့နံနက်ကစတင်ကာ Lockdown...

COVID-19 လူနာ စီးနင်းခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်း ကိုယ်တိုင်လာရောက်အစစ်ဆေးခံ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၂၇ ရက်နေ့ နံနက်အစောပိုင်းက COVID 19 ပိုးတွေ့ရှိထားတဲ့ လူနာ အသစ် (၂) ယောက်ကိုထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ အဆိုပါ လူနာဟာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီးတော့ Qatar Airline နဲ့ ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဇာတိဖြစ်တဲ့ မန္တလေးမြို့သို့ ခိုင်မန္တလေး အလုံပိတ်ယာဉ်နဲ့...