မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန် ဝိတ်တန်းမတူတဲ့ စိန်ခေါ်သူ အလိန်းဂါလာနီကိုတစ်ချီထဲနဲ့အနိုင်ရ

Published on November 3, 2017

ရန်ကုန်၊ နိုဝင်ဘာ ၃



အောင်လအန်ဆန်က middle weight တန်း ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်ပြီး စိန်ခေါ်လာသူ Heave weight တန်း ကမ္ဘာ့ကစ်ဘောက်ဆာချန်ပီယံဟောင်းတစ်ဦးဖြစ်သူ အလိန်းဂါလာနီကိုတစ်ချီထဲနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။

ခုပွဲမတိုင်မီ မြန်မာပရိတ်သတ်များက ဝိတ်တန်းမတူတဲ့ပြိုင်ဖက်ကို ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်လို့ အောင်လအန်ဆန်အတွက် စိတ်ပူပန်မှုတွေရှိနေခဲ့ပါတယ်။အောင်လအန်ဆန်ကတော့ ပွဲကြိုမီဒီယာတွေ့ဆုံပွဲမှာ စိန်ခေါ်သူ အလိန်းကို (၂)ချီအတွင်း အပြတ်ထိုးပြီးအနိုင်ယူပြမယ်လို့ ပြောခဲ့တာပါ။

ဒီနေ့ညပွဲစဉ်မှာတော့ မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်က ထိုက်တန်တဲ့ အနိုင်တစ်ခုကို ရယူနိုင်ခဲ့သလို မြန်မာပရိတ်သတ်တွေအတွက်လည်း ဂုဏ်ယူစရာကောင်းတဲ့ အဖြေတစ်ခုကို ထုတ်ပေးနိုင်ခဲ့ပါတယ်။

ပွဲစဉ်ကိုလာကြည့်ကြတဲ့ မြန်မာပရိတ်သတ်အချို့ကတော့ ခုပွဲဝင်ခွင့်ရဖို့ ကြိုးစားကြရင်း ဂိတ်တံခါးတစ်ခုကို ချိုးဖျက်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အောင်လအန်ဆန်ဟာ ထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့ ထိမ်းချုပ် မှုတွေနဲ့အတူ အလိန်းကို ပထမအချီမှာဘဲအနိုင်ယူခဲ့ပါတယ်။

အောင်ပြည့်စုံ

Credit to Popular News