ျပည္တြင္းသတင္း 

အသက္(၁၄)ႏွစ္(၄)လအရြယ္ အမ်ိဳးသမီးငယ္အား သားမယားအျဖစ္ ၇ ၾကိမ္ ျပဳက်င့္သူကုိ အမွဳဖြင္႔



ဘားအံၿမိဳ႕နယ္တြင္ အသက္(၁၄)ႏွစ္(၄)လအရြယ္ အမ်ိဳးသမီးငယ္အား သားမယားအျဖစ္ ၇ ၾကိမ္ ျပဳက်င့္သူကုိ အမွဳဖြင္႔ အေရးယူစစ္ ေဆးလွ်က္ရွိ

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္တြင္ အသက္ (၁၄)ႏွစ္၊(၄)လအရြယ္ အမ်ိဳးသမီးငယ္အား အသက္ ၁၉ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးက သားမယားအျဖစ္ျပဳက်င္႔မွဳအား ဖခင္ျဖစ္သူမွ ရဲစခန္းတြင္ အမွဳဖြင္႔တိုင္ၾကားခဲ႔သျဖင္႔ ျပစ္မွဳက်ဴးလြန္ သူအား ရဲစခန္းမွ အမွဳဖြင့္ စစ္ေဆးလွ်က္ရွိေၾကာင္း သတင္းရရွိသည္။

 ေဖေဖာ္၀ါရီလ ၉ ရက္ေန႔ ညေန ၅ နာရီေက်ာ္အခ်ိန္ခန္႔က ဘားအံၿမိဳ႕နယ္၊ ေကာ႔ကဒါေက်းရြာေန ဦးေအးခိုင္မွ ၎၏သမီး မ×××× အား သားမယားအျဖစ္(၇)ႀကိမ္ခန္႔ ျပဳက်င္႔ခဲ႔သူ ခ်စ္၀င္း(ခ)ႏိုင္လင္း၊(ခ)ေက်ာ္သာခလိန္း၊ ၁၉ႏွစ္၊ ရတနာ ေတာင္ရပ္ကြက္၊ သာမညေက်းရြာ၊ ဘားအံၿမိဳ႕နယ္ေနသူအား အေရးယူေပးရန္ အိႏၵဳနယ္ေျမရဲစခန္းသို႔ လာေရာက္တိုင္တန္းခဲ႔သျဖင္႔ အိႏၵဳနယ္ေျမရဲစခန္းက (ပ)၁၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင္႔အမွဳေရးဖြင္႔ စစ္ေဆးခဲ႔ေၾကာင္း သိရသည္။

အဆိုပါအမွဳအား စခန္းမွဴးရဲအုပ္ မင္းေအာင္ထြန္းက စစ္ေဆးခဲ႔ၿပီး စစ္ေဆးခ်က္မ်ားအရ ေဖေဖာ္၀ါရီလ ၅ ရက္ေန႔ ည(၇)နာရီအခ်ိန္ခန္႔တြင္ မ××××၁၄ႏွစ္၊(၄)လသည္ ၎၏မိသားစု၀င္မ်ားႏွင္႔အတူ ဘားအံၿမိဳ႕နယ္ခနိမ္းဒိုေက်းရြာ ဘုန္းႀကီးပ်ံပြဲသို႔ ပြဲၾကည္႔ရန္သြားေရာက္ခဲ႔ေၾကာင္း၊ ပြဲခင္းေရာက္ၿပီး မ××××မွာ မုန္႔၀ယ္ရန္ေျပာဆိုၿပီးထြက္သြားရာမွ ျပန္လည္ေရာက္ရွိလာျခင္းမရွိသျဖင္႔ လိုက္လံရွာေဖြရာ ေဖေဖာ္၀ါရီလ ၈ ရက္ေန႔ ညေန ၅ နာရီခြဲအခ်ိန္ခန္႔တြင္ မ×××မွာ ခ်စ္၀င္း(ခ)ႏိုင္လင္း၊(ခ)ေက်ာ္သာခလိန္းႏွင္႔သာမညေက်းရြာအုပ္စု၊ ရြာေအးေအးေက်းရြာတြင္ ေရာက္ရွိေန ေၾကာင္းသိရွိရသျဖင္႔ အုပ္ထိန္းသူမ်ားမွ ေနအိမ္သို႔ ျပန္လည္ေခၚေဆာင္ခဲ႔ၿပီး ေမးျမန္းရာ ပြဲခင္းအတြင္းမွ ည(၁၀)နာရီခန္႔ ခ်စ္၀င္း(ခ)ႏိုင္လင္း၊(ခ)ေက်ာ္သာခလိန္းႏွင္႔ သာမညေက်းရြာအုပ္စု၊ ရြာေအးေအးေက်းရြာရွိ ေနအိမ္တစ္အိမ္သို႔ ေခၚေဆာင္လုိက္ပါသြားခဲ႔ၿပီး သားမယားအျဖစ္ (၇)ႀကိမ္ခန္႔ျပဳက်င္႔ခံခဲ႔ရေၾကာင္း သိရွိရ၍ ဖခင္ျဖစ္သူ ဦးေအးခိုင္က တရားလိုျပဳလုပ္တိုင္းတန္းခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

ကရင္ျပည္နယ္အတြင္း ၂၀၁၆ခုႏွစ္တြင္ မုဒိမ္းမွဳ(၁၈)မွဳျဖစ္ပြားခဲ႔ေၾကာင္း၊ ၂၀၁၇ခုႏွစ္တြင္ မုဒိမ္းမွဳ (၂၁)မွဳျဖစ္ပြားရာ၌အသက္(၁၄)ႏွစ္ၾကားႏွင္႔(၁၆)ႏွစ္ၾကားျဖစ္ပြားမွဳမွာ ၉ မွဳျဖစ္ေၾကာင္းသိရၿပီး မုဒိမ္းမွဳေလ်ာ႔နည္း က်ဆင္းေရးအတြက္ အသိပညာေပးလုပ္ငန္းမ်ားကို ၿမိဳ႕နယ္အလိုက္ စီမံခ်က္မ်ားခ်မွတ္ေဆာင္ရြက္လွ်က္ရွိေၾကာင္း၊ ျပည္သူမ်ား အေနျဖင္႔လည္း မုဒိမ္းမွဳႏွင္႔ပတ္သက္ၿပီး ၂၀၁၆ခုႏွစ္၊ ဇန္န၀ါရီလ (၇)ရက္ေန႔က ျပည္ေထာင္စုဥပေဒအမွတ္ ၆ ျပင္ဆင္လိုက္တဲ႔ ရာဇသတ္ႀကီးပုဒ္မ ၃၇၅ ရဲ႕ ပဥၥမအပိုဒ္ျဖစ္တဲ႔ ယခင္ကအသက္ ၁၄ႏွစ္ေအာက္ ကေလးငယ္ကို အလိုတူသည္ျဖစ္ေစ၊ မတူသည္ျဖစ္ေစ မုဒိမ္းမွဳေျမာက္တယ္လို႔ ျပဌာန္းထားရာကေန အခု ၁၆ႏွစ္ေအာက္ မိန္းကေလးကို အလိုတူသည္ျဖစ္ေစ မတူသည္ျဖစ္ေစ မုဒိမ္းမွဳေျမာက္တယ္လို႔ ျပင္ဆင္သတ္မွတ္ျပဌာန္းထား တဲ႔အတြက္ အခုေခတ္လူငယ္ေတြအေနနဲ႔ မိန္းကေလးနဲ႔ ခ်စ္ၾကိဳက္ျပီဆိုတိုင္း လက္မလြယ္ဖို႔လိုေၾကာင္း အလိုတူသည္ ျဖစ္ေစ မတူသည္ျဖစ္ေစ ၁၆ႏွစ္ေအာက္ျဖစ္ပါက ဥပေဒအရအေရးယူခံရမည္ကို က်ယ္က်ယ္ျပန္႔ျပန္႔သိဖို႔လဲ လိုအပ္ ေၾကာင္း ကရင္ျပည္နယ္ရဲတပ္ဖြဲ႕မွ အရာရွိႀကီးတစ္ဦးက ေျပာၾကားသည္။

ေနလင္း(သာမည)

မင္းသူ/ထြန္းထြန္းေထြး(ဘားအံ)

ဘားအံသတင္း

Unicode

ဘားအံမြို့နယ်တွင် အသက်(၁၄)နှစ်(၄)လအရွယ် အမျိုးသမီးငယ်အား သားမယားအဖြစ် ၇ ကြိမ် ပြုကျင့်သူကို အမှုဖွင့် အရေးယူစစ် ဆေးလျှက်ရှိ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အသက် (၁၄)နှစ်၊(၄)လအရွယ် အမျိုးသမီးငယ်အား အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက သားမယားအဖြစ်ပြုကျင့်မှုအား ဖခင်ဖြစ်သူမှ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သဖြင့် ပြစ်မှုကျူးလွန် သူအား ရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာနေ ဦးအေးခိုင်မှ ၎င်း၏သမီး မ×××× အား သားမယားအဖြစ်(၇)ကြိမ်ခန့် ပြုကျင့်ခဲ့သူ ချစ်ဝင်း(ခ)နိုင်လင်း၊(ခ)ကျော်သာခလိန်း၊ ၁၉နှစ်၊ ရတနာ တောင်ရပ်ကွက်၊ သာမညကျေးရွာ၊ ဘားအံမြို့နယ်နေသူအား အရေးယူပေးရန် အိန္ဒုနယ်မြေရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် အိန္ဒုနယ်မြေရဲစခန်းက (ပ)၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုရေးဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား စခန်းမှူးရဲအုပ် မင်းအောင်ထွန်းက စစ်ဆေးခဲ့ပြီး စစ်ဆေးချက်များအရ ဖေဖော်ဝါရီလ ၅ ရက်နေ့ ည(၇)နာရီအချိန်ခန့်တွင် မ××××၁၄နှစ်၊(၄)လသည် ၎င်း၏မိသားစုဝင်များနှင့်အတူ ဘားအံမြို့နယ်ခနိမ်းဒိုကျေးရွာ ဘုန်းကြီးပျံပွဲသို့ ပွဲကြည့်ရန်သွားရောက်ခဲ့ကြောင်း၊ ပွဲခင်းရောက်ပြီး မ××××မှာ မုန့်ဝယ်ရန်ပြောဆိုပြီးထွက်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေရာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မ×××မှာ ချစ်ဝင်း(ခ)နိုင်လင်း၊(ခ)ကျော်သာခလိန်းနှင့်သာမညကျေးရွာအုပ်စု၊ ရွာအေးအေးကျေးရွာတွင် ရောက်ရှိနေ ကြောင်းသိရှိရသဖြင့် အုပ်ထိန်းသူများမှ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး မေးမြန်းရာ ပွဲခင်းအတွင်းမှ ည(၁၀)နာရီခန့် ချစ်ဝင်း(ခ)နိုင်လင်း၊(ခ)ကျော်သာခလိန်းနှင့် သာမညကျေးရွာအုပ်စု၊ ရွာအေးအေးကျေးရွာရှိ နေအိမ်တစ်အိမ်သို့ ခေါ်ဆောင်လိုက်ပါသွားခဲ့ပြီး သားမယားအဖြစ် (၇)ကြိမ်ခန့်ပြုကျင့်ခံခဲ့ရကြောင်း သိရှိရ၍ ဖခင်ဖြစ်သူ ဦးအေးခိုင်က တရားလိုပြုလုပ်တိုင်းတန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ၂၀၁၆ခုနှစ်တွင် မုဒိမ်းမှု(၁၈)မှုဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်တွင် မုဒိမ်းမှု (၂၁)မှုဖြစ်ပွားရာ၌အသက်(၁၄)နှစ်ကြားနှင့်(၁၆)နှစ်ကြားဖြစ်ပွားမှုမှာ ၉ မှုဖြစ်ကြောင်းသိရပြီး မုဒိမ်းမှုလျော့နည်း ကျဆင်းရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အလိုက် စီမံချက်များချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်သူများ အနေဖြင့်လည်း မုဒိမ်းမှုနှင့်ပတ်သက်ပြီး ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့က ပြည်ထောင်စုဥပဒေအမှတ် ၆ ပြင်ဆင်လိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၇၅ ရဲ့ ပဉ္စမအပိုဒ်ဖြစ်တဲ့ ယခင်ကအသက် ၁၄နှစ်အောက် ကလေးငယ်ကို အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်တယ်လို့ ပြဌာန်းထားရာကနေ အခု ၁၆နှစ်အောက် မိန်းကလေးကို အလိုတူသည်ဖြစ်စေ မတူသည်ဖြစ်စေ မုဒိမ်းမှုမြောက်တယ်လို့ ပြင်ဆင်သတ်မှတ်ပြဌာန်းထား တဲ့အတွက် အခုခေတ်လူငယ်တွေအနေနဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်ပြီဆိုတိုင်း လက်မလွယ်ဖို့လိုကြောင်း အလိုတူသည် ဖြစ်စေ မတူသည်ဖြစ်စေ ၁၆နှစ်အောက်ဖြစ်ပါက ဥပဒေအရအရေးယူခံရမည်ကို ကျယ်ကျယ်ပြန့်ပြန့်သိဖို့လဲ လိုအပ် ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

နေလင်း(သာမည)

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

ဘားအံသတင်း

Related posts