အနုပညာရပ်ဝန်း 

သူ့အိုးနဲ့ သူ့ဆန် တန်ရာဖြစ်ကြတာပါ လို့ ပြောလာတဲ့ သရုပ်ဆောင် ပိုးအိအိခန့်






မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး ဘောလုံသမားဖြစ်တဲ့ အောင်သူရဲ့ ချစ်သူဖြစ်တဲ့ သရုပ်ဆောင် ပိုးအိအိခန့်ကတော့ သူတို့နှစ်ယောက် ချစ်သူဖြစ်ကြတာဟာ သူ့အိုးနဲ့သူ့ဆန် တော်ရာ တန်ရာဖြစ်ကြတာပါ လို့ ပြောလိုက်ပါတယ်။ အောင်သူနဲ့ ချစ်သူဖြစ်တာဟာ ဂုဏ်မက်လို့ ဖြစ်တာလို့ အပြောခံနေရတာကြောင့် သူမက ရင်ဖွင့်လိုက်တာပါ။ရင်ဖွင့်လိုက်တာပါ။

ဒီနေ့ ဧပရယ်လ ၂ဝ ရက် အစောပိုင်းကပဲ သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။ ကျွန်မသာ လမ်းတစ်နေရာမှာ အကြော်ရောင်းနေသော မိန်းကလေး ဖြစ်နေခဲ့လျှင်…….? ကျွန်မသာ အုတ်နီခဲလေးသယ်ပြီး အသက်မွေးကြောင်း ပြုနေရတဲ့ မိန်းကလေးဖြစ်နေခဲ့လျှင် ………..? ကျွန်မသာ တစ်အိမ်ဝင် တစ်အိမ်ထွက် အဝတ်လိုက်လျှော်ပြီး အသက်မွေးနေရသော မိန်းကလေးဖြစ်နေခဲ့လျှင် ……….? ဟုတ်ကဲ့ တစ်ခုလောက်ပြောပါရစေရှင်

အရာရာဟာ သူ့အချိန်အခါ သင့်လာတဲ့အခါ သူ့ကံပေါ်မူတည်ပြီး သူနဲ့ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာက ဖြစ်ပေါ်လာစမြဲပါ ဒါကို တားဆီးလို့မရသလို ကြိုတင်ကြံစည်ထားလို့လည်း မရပါဘူး…… ကြိုတင်ကြံစည်ထားတဲ့ အရာဟာလည်း ဘယ်အရာမှမမြဲပါဘူး ……….. သူ့အိုးနဲ့ သူ့ဆန် တော်ရာ တန်ရာ ဖြစ်ချိန်တန် ဖြစ်ကြတာပါ……. တစ်ခါတစ်လေကြရင်လေ လူတစ်ယောက်ကို ကိုယ်ချင်းစာတယ်ဆိုတာ သူ့နေရာမှာ ကိုယ်ဝင်ကြည့်မှ သိကြတာပါ လေလေးသုံးပြီး ပြောဖို့ ဝေဖန်ဖို့က အလွန်လွယ်ပါတယ် ကိုယ်ချင်းစာတတ်ဖို့သာ အင်မတန်ခက်ခဲတာပါ ……… #peekpeek

Credit – roadofcele

Related posts