ျပည္တြင္းသတင္း 

စိတ္မေကာင္းစရာ သတင္းပါ ေရႊျမန္မာတို႔ေရ။ ရုရွားသေဘာၤတိမ္းေမွာက္မႈတြင္ ေသဆံုးသြားသည့္ျမန္မာသေဘာၤသား ႐ုပ္အေလာင္းမ်ား ျပန္လည္ေရာက္ရွိ



ရန္ကုန္- ႐ုရွားသေဘၤာတိမ္းေမွာက္မႈတြင္ ေသဆုံးသြားသည့္ ျမန္မာသေဘၤာသား ႐ုပ္အေလာင္း ၁၆ ေလာင္းကို ယေန႔ေန႔လည္ ၁ နာရီခြဲက စင္းလုံးငွားေလယာဥ္ျဖင့္ ျပန္လည္သယ္ေဆာင္လာခဲ့သည္။

ေသဆုံးသြားသည္ သေဘၤာသားမ်ား၏ မိသားစုဝင္မ်ားသည္ ၎တို႔၏ သား႐ုပ္အေလာင္းမ်ားကို သယ္ေဆာင္ရန္ နံနက္ ၇ နာရီကတည္းက ရန္ကုန္ေလဆိပ္သို႔ ေရာက္ရွိေနခဲ့ၾကသည္။

ျပန္လည္သယ္ေဆာင္လာသည့္ ရုပ္အေလာင္းမ်ားအား ျမင္ေတြ႕သည့္အခါ ငိုေႂကြးေနၾကသည့္ ေသဆုံးသူမ်ား၏ မိသားစုဝင္မ်ားကိုလည္းေတြ႕ရသည္။

“ကြၽန္ေတာ့္သားကို ေသလို႔ေသမွန္းေတာင္ မသိခဲ့ရပါဘူး။ ေသၿပီးလို႔ ေလးရက္ေလာက္ေနမွ သိရတာပါ။ အဲဒီသေဘၤာေပၚမွာ ကြၽန္ေတာ့္သား မပါဘူးလို႔ထင္ေနတာ” ဟု ျမင္းၿခံၿမိဳ႕မွ ေသဆုံးသူသေဘၤာသား ကိုျမင့္ေဇာ္ဝင္း၏ ဖခင္ဦးေငြသန္းက ေျပာသည္။

“ကြၽန္ေတာ့္ညီက ပါမလာဘူးလိုလို ျဖစ္ေနတာ။ အခု ပါလာေတာ့ ေတာ္ေသးတာေပါ့။ သူ သေဘၤာတက္သြားတာ ဒါက ပထမဆုံးအႀကိမ္ပါ။ သူ႔အေဖကလည္း သေဘၤာတက္ရင္းနဲ႔ပဲ တ႐ုတ္ပင္လယ္ထဲမွာ ေသသြားတာပါ” ဟု ေသဆုံးသူ အသက္ ၃၄ ႏွစ္အရြယ္ ကိုရာေဂ်း၏အကို ကိုေဇာ္သူက ေျပာသည္။

သယ္ေဆာင္လာေသာ ႐ုပ္အေလာင္း ၁၆ ေလာင္းကို ရန္ကုန္နာေရးကူညီမူအသင္းႏွင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္ လူမူကူညီေရးအသင္းမွကားမ်ားက လာေရာက္သယ္ေဆာင္ေပးခဲ့သည္။

မအူပင္၊ ျမင္းၿခံ၊ သန္လ်င္ႏွင့္ ဒလၿမိဳ႕တို႔မွ သေဘၤာသား႐ုပ္အေလာင္း ေလးေလာင္းကို သက္ဆိုင္ရာ ၿမိဳ႕နယ္မ်ားတြင္ သၿဂိဳလ္ရန္ သယ္ေဆာင္သြားခဲ့ၿပီး က်န္႐ုပ္အေလာင္းမ်ားကို ရန္ကုန္ၿမိဳ႕တြင္သာ သၿဂိဳလ္သြားမည္ဟု သိရသည္။

သေဘၤာသား ၁၃၂ ဦးအနက္ ျမန္မာသေဘၤာသား ၄၂ ဦးလိုက္ပါသြားေသာ ႐ုရွားငါးဖမ္းသေဘၤာသည္ ဧၿပီ ၁ ရက္က တိမ္းေမွာက္မႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။ သေဘၤာတိမ္းေမွာက္မႈတြင္ ျမန္မာသေဘၤာသား ၂၂ ဦး အသက္ရွင္ကယ္တင္ႏိုင္ခဲ့ၿပီး ၁၆ ဦး ေသဆုံးကာ ေလးဦး ေပ်ာက္ဆုံးခဲ့သည္။

အသက္ရွင္ကယ္ဆယ္႐ွိေသာ ျမန္မာသေဘၤာသား ၂၂ ဦးသည္ ဧၿပီ ၁၂ ရက္က ျပန္လည္ေရာက္ရွိခဲ့သည္။

အသက္ရွင္ကယ္ဆယ္ရရွိေသာ ျမန္မာသေဘၤာသား ၂၂ ဦးအား တိ္မ္းေမွာက္သြားသည့္ ငါးဖမ္းသေဘၤာပိုင္ဆိုင္ေသာ Magellan ကုမၸဏီက အေမရီကန္ေဒၚလာ ၃၀၀၀ နွင့္ညီမွ်ေသာ ႐ူဘယ္ေငြ၊ ေသဆုံးသြားသည့္ သေဘၤာသား ၁၆ ဦးအား အေမရိကန္ေဒၚလာ ၁၅၀၀၀ နွင့္ညီမွ်ေသာ ႐ူဘယ္ေငြမ်ားအား ဧၿပီလေနာက္ဆုံးပတ္တြင္ ေပးအပ္သြားမည္ဟု ျမန္မာသံ႐ံုးက ေျပာသည္။

သတင္း – ၿငိမ္းခ်မ္း
ဓာတ္ပံု – ေဂ်ေမာင္ေမာင္(အမရပူရ)

Credit: yawthama


# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်- ရုရှားသင်္ဘောတိမ်းမှောက်မှုတွင် သေဆုံးသွားသည့် မြန်မာသင်္ဘောသား ရုပ်အလောင်း ၁၆ လောင်းကို ယနေ့နေ့လည် ၁ နာရီခွဲက စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်လာခဲ့သည်။

သေဆုံးသွားသည် သင်္ဘောသားများ၏ မိသားစုဝင်များသည် ၎င်းတို့၏ သားရုပ်အလောင်းများကို သယ်ဆောင်ရန် နံနက် ၇ နာရီကတည်းက ရန်ကုန်လေဆိပ်သို့ ရောက်ရှိနေခဲ့ကြသည်။

ပြန်လည်သယ်ဆောင်လာသည့် ရုပ်အလောင်းများအား မြင်တွေ့သည့်အခါ ငိုကြွေးနေကြသည့် သေဆုံးသူများ၏ မိသားစုဝင်များကိုလည်းတွေ့ရသည်။

“ကျွန်တော့်သားကို သေလို့သေမှန်းတောင် မသိခဲ့ရပါဘူး။ သေပြီးလို့ လေးရက်လောက်နေမှ သိရတာပါ။ အဲဒီသင်္ဘောပေါ်မှာ ကျွန်တော့်သား မပါဘူးလို့ထင်နေတာ” ဟု မြင်းခြံမြို့မှ သေဆုံးသူသင်္ဘောသား ကိုမြင့်ဇော်ဝင်း၏ ဖခင်ဦးငွေသန်းက ပြောသည်။

“ကျွန်တော့်ညီက ပါမလာဘူးလိုလို ဖြစ်နေတာ။ အခု ပါလာတော့ တော်သေးတာပေါ့။ သူ သင်္ဘောတက်သွားတာ ဒါက ပထမဆုံးအကြိမ်ပါ။ သူ့အဖေကလည်း သင်္ဘောတက်ရင်းနဲ့ပဲ တရုတ်ပင်လယ်ထဲမှာ သေသွားတာပါ” ဟု သေဆုံးသူ အသက် ၃၄ နှစ်အရွယ် ကိုရာဂျေး၏အကို ကိုဇော်သူက ပြောသည်။

သယ်ဆောင်လာသော ရုပ်အလောင်း ၁၆ လောင်းကို ရန်ကုန်နာရေးကူညီမူအသင်းနှင့် သင်္ဃန်းကျွန်းမြို့နယ် လူမူကူညီရေးအသင်းမှကားများက လာရောက်သယ်ဆောင်ပေးခဲ့သည်။

မအူပင်၊ မြင်းခြံ၊ သန်လျင်နှင့် ဒလမြို့တို့မှ သင်္ဘောသားရုပ်အလောင်း လေးလောင်းကို သက်ဆိုင်ရာ မြို့နယ်များတွင် သဂြိုလ်ရန် သယ်ဆောင်သွားခဲ့ပြီး ကျန်ရုပ်အလောင်းများကို ရန်ကုန်မြို့တွင်သာ သဂြိုလ်သွားမည်ဟု သိရသည်။

သင်္ဘောသား ၁၃၂ ဦးအနက် မြန်မာသင်္ဘောသား ၄၂ ဦးလိုက်ပါသွားသော ရုရှားငါးဖမ်းသင်္ဘောသည် ဧပြီ ၁ ရက်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သင်္ဘောတိမ်းမှောက်မှုတွင် မြန်မာသင်္ဘောသား ၂၂ ဦး အသက်ရှင်ကယ်တင်နိုင်ခဲ့ပြီး ၁၆ ဦး သေဆုံးကာ လေးဦး ပျောက်ဆုံးခဲ့သည်။

အသက်ရှင်ကယ်ဆယ်ရှိသော မြန်မာသင်္ဘောသား ၂၂ ဦးသည် ဧပြီ ၁၂ ရက်က ပြန်လည်ရောက်ရှိခဲ့သည်။

အသက်ရှင်ကယ်ဆယ်ရရှိသော မြန်မာသင်္ဘောသား ၂၂ ဦးအား တိမ်းမှောက်သွားသည့် ငါးဖမ်းသင်္ဘောပိုင်ဆိုင်သော Magellan ကုမ္ပဏီက အမေရီကန်ဒေါ်လာ ၃၀၀၀ နှင့်ညီမျှသော ရူဘယ်ငွေ၊ သေဆုံးသွားသည့် သင်္ဘောသား ၁၆ ဦးအား အမေရိကန်ဒေါ်လာ ၁၅၀၀၀ နှင့်ညီမျှသော ရူဘယ်ငွေများအား ဧပြီလနောက်ဆုံးပတ်တွင် ပေးအပ်သွားမည်ဟု မြန်မာသံရုံးက ပြောသည်။

သတင်း – ငြိမ်းချမ်း
ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ)

Credit: yawthama

Related posts