ႏိုင္ငံတကာသတင္း 

ဘန္ေကာက္ အႏွိပ္ခန္းမွာ အဓၶမျပဳက်င့္ခံရသူ အမ်ိဳးသမီးရဲတိုင္ၾကား



အသက္ ၂၇ ႏွစ္အရြယ္ အႏွိပ္သည္အမ်ိဳးသားတစ္ဦးက နိုင္ငံျခားခရီးသြားဧည့္သည္ ထိုင္ဝမ္အမ်ိဳးသမီးတစ္ဦးအား ႏွိပ္နယ္ေပးစဥ္ အဓၶမျပဳက်င့္မွုျဖင့္ ထိုင္းရဲအဖြဲ႕က ဖမ္းဆီးလိုက္ပါတယ္။

ထိုင္နိုင္ငံ ဘန္ေကာက္ၿမိဳ႕လည္မွာရွိတဲ့ အႏွိပ္ခန္းကို ဧၿပီလ ၁၂ ရက္ေန႔က ထိုင္ဝမ္အမ်ိဳးသမီးက သူ၏အေဖာ္တစ္ဦးနဲ႔အတူ ေရာက္လာခဲ့ၿပီး အႏွိပ္ခန္းေျမညီထပ္မွာ အတူတစ္ကြ ေျခေထာက္ႏွိပ္နယ္မွု ခံခဲ့ပါတယ္။ အဲဒီေနာက္ တစ္ကိုယ္လုံးႏွိပ္နယ္ရန္ အေပၚထပ္ရွိ အခန္းတြင္ သီျခားစီ ႏွိပ္နယ္ခံစဥ္တြင္ ႏွိပ္တယ္ေပးသူက အမ်ိဳးသမီးအား အဓၶမျပဳက်င့္ခဲ့ေၾကာင္း ဧၿပီလ ၁၃ ရက္ေန႔မွာ ရဲကိုတိုင္ၾကားခဲ့ျခင္းျဖင္ပါတယ္။

ရဲအဖြဲ႕က အႏွိပ္သည္ကို လိုက္ရွာၿပီး ဧၿပီလ ၁၅ ရက္ေန႔မွာ ဖမ္းဆီးစစ္ေဆးခဲ့ပါတယ္။ အႏွိပ္သည္ အမ်ိဳးသားရဲ့ ထြက္ဆိုခ်က္အရ ႏွစ္ဦးသေဘာတူဆႏၵအေလ်ာက္ ခ်စ္တင္းေႏွာခဲ့ျခင္းသာျဖစ္ၿပီး အားလုံးၿပီးစီးၿပီးေနာက္ အမ်ိဳးသမီးမွာ အႏွိပ္ခ ထိုင္းဘတ္ ၂၀၀ ရွင္းခဲ့သည့္အျပင္ သူ႔အား ဘတ္ ၁၀၀ ကို ေဘာက္ဆူးအျဖစ္ ေပးခဲ့ေၾကာင္း ထြက္ဆိုခဲ့သည္။

အမ်ိဳးသမီးက အႏွိပ္သည္ကို ဓါတ္ပုံရိုက္ကာ Facebook တြင္ တင္ခဲ့ေသးေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။ လက္ရွိမွာေတာ့ ရဲအဖြဲ႕က ထိုင္ဝမ္အမ်ိဳးသမီးအား ေဆး႐ုံသို႔ပို႔ကာ ေဆးစစ္ခ်က္အေျဖေစာင့္ေနၿပီး အႏွိပ္သည္အမ်ိဳးသားကိုမူ ထိန္းသိမ္းထားဆဲျဖစ္သည္။ လာမည့္ ဧၿပီ ၂၁ ရက္ေန႔မွာ အမွုကို ဆက္လက္စစ္ေဆးသြားမည္ျဖစ္သည္။

Credit: POPOLAY


# Unicode Version ဖြင့်ဖတ်ရန် #
အသက် ၂၇ နှစ်အရွယ် အနှိပ်သည်အမျိုးသားတစ်ဦးက နိုင်ငံခြားခရီးသွားဧည့်သည် ထိုင်ဝမ်အမျိုးသမီးတစ်ဦးအား နှိပ်နယ်ပေးစဉ် အဓ္ဓမပြုကျင့်မှုဖြင့် ထိုင်းရဲအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ထိုင်နိုင်ငံ ဘန်ကောက်မြို့လည်မှာရှိတဲ့ အနှိပ်ခန်းကို ဧပြီလ ၁၂ ရက်နေ့က ထိုင်ဝမ်အမျိုးသမီးက သူ၏အဖော်တစ်ဦးနဲ့အတူ ရောက်လာခဲ့ပြီး အနှိပ်ခန်းမြေညီထပ်မှာ အတူတစ်ကွ ခြေထောက်နှိပ်နယ်မှု ခံခဲ့ပါတယ်။ အဲဒီနောက် တစ်ကိုယ်လုံးနှိပ်နယ်ရန် အပေါ်ထပ်ရှိ အခန်းတွင် သီခြားစီ နှိပ်နယ်ခံစဉ်တွင် နှိပ်တယ်ပေးသူက အမျိုးသမီးအား အဓ္ဓမပြုကျင့်ခဲ့ကြောင်း ဧပြီလ ၁၃ ရက်နေ့မှာ ရဲကိုတိုင်ကြားခဲ့ခြင်းဖြင်ပါတယ်။

ရဲအဖွဲ့က အနှိပ်သည်ကို လိုက်ရှာပြီး ဧပြီလ ၁၅ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အနှိပ်သည် အမျိုးသားရဲ့ ထွက်ဆိုချက်အရ နှစ်ဦးသဘောတူဆန္ဒအလျောက် ချစ်တင်းနှောခဲ့ခြင်းသာဖြစ်ပြီး အားလုံးပြီးစီးပြီးနောက် အမျိုးသမီးမှာ အနှိပ်ခ ထိုင်းဘတ် ၂၀၀ ရှင်းခဲ့သည့်အပြင် သူ့အား ဘတ် ၁၀၀ ကို ဘောက်ဆူးအဖြစ် ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အမျိုးသမီးက အနှိပ်သည်ကို ဓါတ်ပုံရိုက်ကာ Facebook တွင် တင်ခဲ့သေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ လက်ရှိမှာတော့ ရဲအဖွဲ့က ထိုင်ဝမ်အမျိုးသမီးအား ဆေးရုံသို့ပို့ကာ ဆေးစစ်ချက်အဖြေစောင့်နေပြီး အနှိပ်သည်အမျိုးသားကိုမူ ထိန်းသိမ်းထားဆဲဖြစ်သည်။ လာမည့် ဧပြီ ၂၁ ရက်နေ့မှာ အမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

Credit: POPOLAY

Related posts