နိုင်ငံတကာသတင်း 

Viagra တန်ခိုးနဲ့ အချစ်စွမ်းအား ၂ဆ တိုးခဲ့ပါတယ်ဆိုတဲ့ စုံတွဲ



ထိုအပြာရောင်ဆေးလုံးလေးတွေကို သင်မလိုဘူးဆိုရင်တောင် သူ့ရဲ့အကျိုးကျေးဇူးတွေကို သင်သိဖို့မခက်ပါဘူး။ အကျိုးရလဒ်ကို သိသာစေဖို့ Ed Short နဲ့ သူ့ကောင်မလေး Jess Gladstone တို့ကို စမ်းသပ်စေခဲ့ပါတယ်။Ed Short ကတော့ ထိုဆေးဟာ အမျိုးသားအင်္ဂါထောင်မတ်စေဖို့ အကောင်းဆုံးဖြစ်ပီး ဗြိတိန်အမျိုးသား ငါးယောက်မှာတစ်ယောက်ခံစားနေရတဲ့ လိင်တံပျော့ခွေခြင်း ပြသနာကို လေးလုံးကို ၁၉.၉၉ ပေါင်တန် ဆေးလုံးလေးတွေက ကုစားနိုင်ပါတယ်လို့ ပြောလာပါတယ်။ဒါ့အပြင်သူက “ကျွန်တော့်အတွက်က ဒီဆေးတွေမလိုအပ်ခဲ့ဖူးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကနဂိုတည်းက ယုံကြည်မှုအပြည့်ရှိတဲ့ လိင်ဆက်ဆံမှုအခြေအနေကို ရရှိပီးဖြစ်လို့ပါ။

ဒါပေမဲ့ Ed ကဆေးစသုံးကြည့်ချင်တယ်လို့ ပြောလာချိန်မှာတော့ Jess ကဆေးရဲ့ဆိုးကျိုးတွေ Ed ခံရမှာစိုးခဲ့ပါတယ်။ အံ့လည်းသြမိပါတယ်လို့ပြောပါတယ်။တကယ်တော့ Ed မှာ သူငယ်ပြန်တတ်တဲ့ရောဂါအခံရှိပီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ဖို့ဆေးတွေမှီဝဲရပါတယ်။ ဒီဆေးတွေကြောင့် သူ့ရဲ့စွမ်းဆောင်ရည်တွေကြသွားတယ်လို့ကျွန်မ မထင်ပါဘူး။ ပုံမှန်ဆယ်မိနစ်လောက် ဆက်ဆံဖြစ်ပီး အရာရာအဆင်ပြေပါတယ်။ ဒါပေမဲ့ သူက ဆေးသုံးတော့မယ်လို့ပြောတော့ ကျွန်မထင်တာက သူ့လိင်တံများပိုကြီးလာမလား? တခြားခံစားချက်တွေများဖြစ်လာလေမလားပေါ့။ဆေးမှီဝဲတဲ့ ပထမဆုံးည ညစာစားနေစဉ်ကျွန်မတို့နှစ်ယောက်လုံးစိတ်ထင့်နေကြတယ်။ ဘာလို့လည်းဆိုတော့ ဒီလိုဆေးမျိုးတွေရဲ့ ဆိုးသတင်းတွေက မွှေးတယ်လေ။ နောက်စိတ်တစ်ခုကတော့ မင်္ဂလာဦးည အိပ်ရာထဲမ၀င်ခင်ခံစားမှုမျိုးပေါ့။
ညစာစားပီးပီးချင်း Ed တအားစိတ်ထက်သန်လာတယ်။ ဒါကတော့သိပ်မဆန်းပါဘူး။ Ed က ငထန်လေးတစ်ယောက်လေ။ ညစာစားရင်းသူ့ကို မေးကြည့်တယ်။ ဘယ်လိုစိတ်တွေထူးထူးခြားခြားဖြစ်နေလဲ။ ပုံမှန်ပဲလားလို့ပေါ့။

ကျွန်မ အမြင်တော့ သူပိုပီး စိတ်အားထက်သန်နေပီး ကြာလည်းကြာတယ်။ ခုကြာတာမျိုးက နာရီပိုင်းအထိရှိလာပီး သူ့အတွက် ကော ကျွန်မအတွက်ပါ အကောင်းဆုံးခံစားမှုရရှိခဲ့ကြပီး အကောင်းဆုံးအတွေ့အကြုံပါ။ ဒါပေမဲ့ ကြာချိန်ကိုကြည့်ရင် သိသိသာသာတိုးတက်လာပေမဲ့ အရင်လိုတိုတိုတုတ်တုတ် မြန်မြန်ဆန်ဆန်လေးကလည်း တမျိုးကောင်းပြန်ပါတယ်။ Ed ကတော့ ခံစားချက်နဲ့ ယုံကြည်မှုအသစ်တွေရရှိလာမှာပါ။ ကျွန်မတို့ဒါကို ထပ်မသုံးဖြစ်လောက်တော့ဘူးထင်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ Ed ကိုဆိုးကျိုးတွေဖြစ်စေမှာဆိုးလို့ပါ။

Ed ကလည်း သူ့အဖြစ်ကိုဒီလိုဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော်ဆေးသွားဝယ်တော့ တကယ်စိတ်လှုပ်ရှားနေခဲ့တာပါ။ ဒီလိုဆေးမျိုးတွေက သက်ကြီးရွယ်အိုတွေပဲသောက်ကြတယ်လို့ ယူဆလို့ပါ။ နောက်ပီး ကျွန်တော့်ကို လူမြင်ကွင်းမှာရောင်းပါ့မလားလို့လည်း စိတ်ပူနေခဲ့တာပါ။ Jess ကတော့ ကျွန်တော့်အဖြစ်ကို ကြည့်ပီး ခွက်ထိုးခွက်လှန်ရယ်နေလေရဲ့လေ။ ဆေးဆိုင်ပိုင်ရှင်က ကျွန်တော့်ကို ဆေးဆိုင်ရဲ့လူရှင်းတဲ့နေရာကိုခေါ်သွားပီး မေးခွန်းလေးတွေအနည်းငယ်မေးပီး ဆေးကိုရောင်းပေးခဲ့ပါတယ်။ မေးခွန်းလေးတွေကတော့ ကျွန်တော့်မှာ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါအခံရှိလားမေးပီး အသက် ၁၈နှစ်ကော ကျော်ပီးလားလို့မေးတာပါ။ ဆေးဆိုင်ထဲက အထွက်မှာတော့ ကျွန်တော်တို့နှစ်ယောက်ရယ်မောပီး ဆေးဆိုင်အဝေးကိုပြေးထွက်ခဲ့ကြပါတယ်။ အပြန်လမ်းမှာ ကျွန်တော်တွေးနေတာတွေလည်းရှိပါသေးတယ်။

ဆေးက ဘာအကျိုးတွေထူးလာမှာလဲ။ ဆိုးကျိုးတွေဖြစ်နိုင်လား။ လိင်တံကြီး ပေါက်ပြဲထွက်လာမှာလား စသည်ဖြင့်ပေါ့။ ပြန်ရောက်တော့ ကျွန်တော်တို့ ညစာအတွက်ပြင်ဆင်ကြပီး ညစာမစားမီ ကျွန်တော် ၁လုံးသောက်လိုက်ပါတယ်။ မကြာမီ ကျွန်တော့်မျက်လုံးတွေ Jess ရဲ့ ရင်သားကြီးတွေပေါ်ရောက်မှန်းမသိရောက်နေမှန်း သိလာတယ်။ ငါ လိင်ဆံချင်နေတာပါလား။ ငါလိင်ဆံချင်တယ်။ ကျွန်တော့်စိတ်ကို ထိန်းလိုက်တယ်။

စားပီးတာနဲ့ ပန်ကန်တောင်မဆေးလိုက်နိုင်ပဲ ကျွန်တော် သူမကို အိပ်ရာထဲဆွဲခေါ်လာမိတယ်။ အကျီင်္တွေချွတ်လိုက်တယ်။ ဘောင်းဘီတွေကောပေါ့။ ကျွန်တော်တို့အနမ်းတွေ ဖလှယ်ကြတယ်။ ကျွန်တော်အရမ်းထန်လာတယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ Jess ကောပါ။ ကျွန်တော်တို့ ၂ယောက်ကြားမှာ sex ကတော်တော်အရေးပါတော့ ဒါဟာဆေးကြောင့်လား ပုံမှန်ပဲလားဆိုတာတောင်မခွဲခြားနိုင်ခဲ့ပါဘူး။ ကျွန်တော်သိသာလာတာကတော့ လိင်စတင်ဆက်ဆံချိန်မှာပါပဲ။ အရင်ကဆို ကျွန်တော်ထိန်းချုပ်ဖို့နဲ့ ထောင်မတ်နေဖို့ ကြိုးစားရပါတယ်။

ခုတော့ အရာအားလုံးက easy going ပေါ့ဗျာ။ ကျွန်တော်တို့ ၁နာရီနီးပါး ချစ်ပွဲဝင်ခဲ့ကြတယ်။ ပထမ အချီပီးတော့ တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကြရင်း အမောဖြေကြတယ်။ မကြာပါဘူး ညီတော်မောင်က တောင့်တလာပြန်တယ်လေ။ နားချိန်နည်းနည်းနဲ့ တိုက်ပွဲဝင်ချိန်များများပေါ့ဗျာ။ Jess ဆီက အံ့သြ ပီး ကျေနပ်တဲ့အသံတွေကြားနေရတယ်။ အဲဒါပီးတော့ သူမက သူငယ်ချင်းတွေနဲ့တွေ့ဖို့ထွက်သွားတယ်။ မကြာပါဘူး။ ဖွားဖက်တော်က ပြန်တောင်းဆိုလာပြန်ရော။ ကျွန်တော့်မှာကြံရာမရတော့ပဲ Jess ဆီကို စက်ဘီးနဲ့လိုက်ရတော့တာပေါ့။

ဘောင်းဘီနဲ့ ညီတော်မောင်အငြိမ်မနေတာနဲ့ဆိုတော့ စက်ဘီးနဲ့ကျွန့်တော့်အဖြစ်ကို ပြေးမြင်ကြည့်ကြပေတော့ဗျာ။ နောက်ထပ်သုံးဦးမလားမေးရင်တော့ မ၀ယ်ဖြစ်ရင်တော့ မသုံးဘူးလို့ဖြေမိမှာပါ။ ဒါပေမဲ့ တန်ဆေးလွန်ဘေးကိုတော့ မှတ်သားထားဖို့လိုပါတယ်” လို့ပြောခဲ့ပါတယ်။

Viagra ဟာ ဒီနှစ်မှ UK မှာ ဆရာဝန်ဆေးစာမလိုပဲ ၀ယ်ယူခွင့်ရရှိခဲ့တာပါ။

Writer- စပွန့် (Daily Hot News)

Related posts