နိုင်ငံတကာသတင်း 

ချစ်သူရဲ့ လိင်အင်္ဂါကို သေးတယ်လို့ လှောင်ပြောင်မိတဲ့အတွက် အသတ်ခံလိုက်ရတဲ့အမျိုးသမီး



ကောင်လေးရဲ့ဟာကိုကြည့်ပြီးတော့ ဟက်ဟက်ပက်ပက်ရယ်ခဲ့ပါတယ်တဲ့ ။

ကလေးသုံးယောက်ကို တစ်ကိုယ်ထဲစောင့်ရှောက်နေတဲ့ ရုရှားအမျိုးသမီးဟာ တစ်ညတာချစ်သူရဲ့လိင်အင်္ဂါကိုသေးတယ်လို့ပြောပြီးလှောင်ခဲ့တဲ့အတွက် အသတ်ခံခဲ့ရပါတယ် ။
အသက် ၂၅ နှစ်အရွယ် တရားခံအမျိုးသားကတော့ သူ့လိင်အင်္ဂါကိုလှောင်ပြောင်တဲ့အတွက် သတ်ပစ်ခဲ့ကြောင်းဝန်ခံပါတယ်

Kovalenko ဟာ ဒီကောင်လေးနဲ့ ရုရှားနိုင်ငံ Volgogard ရွာက ကော်ဖီဆိုင်လေးတစ်ခုမှာတွေ့ခဲ့တာဖြစ်ပါတယ် ။
ကောင်လေးဟာသူ့ရဲ့အိမ်ကို အလည်လိုက်ဖို့ခေါ်ခဲ့တာပဲဆိုပေမယ့် နောက်ဆုံးတော့ သူတို့နှစ်ယောက်အတူအိပ်ဖို့ဖြစ်လာခဲ့တယ် ။

Kovalenko ဟာ ချစ်တင်းနှောတဲ့နေရာမှာ သိပ်အလိုမပြည့်ခဲ့ဘူးထင်တယ် ။

သူဟာ ကောင်လေးရဲ့အင်္ဂါကိုသေးတယ်လို့လှောင်ပြောင်ခဲ့တယ် ။

တရားခံအပြောအရတော့ သူငှားနေတဲ့ ကားဂိုထောင်ဆီကို Kovalenko ကိုခေါ်သွားပြီးတော့ သူတို့အတူအိပ်ဖြစ်ခဲ့ကြပါတယ်တဲ့ ။
နောက်တော့ Kovalenko ဟာ သူ့ရဲ့ အင်္ဂါကိုမြင်တဲ့အချိန်မှာ လှောင်ပြောင်ရယ်မောခဲ့ပါတယ်တဲ့ ။
ဒီလူဟာ လူသတ်ဖို့စိတ်ကူးထားတာမဟုတ်ပါဘူး…ကောင်မလေးက သူ့ဟာကို လှောင်ပြောင်ခဲ့တဲ့အတွက် ဒေါသမထိန်းနိုင်ပဲ ရှက်ပြီးရူးသွပ်သွားကာ
သတ်ခဲ့မိကြောင်းဝန်ခံခဲ့ပါတယ်လို့ ရဲတွေကပြောခဲ့ပါတယ် ။

တရားခံဟာ အမျိုးသမီးကိုလည်ပင်းညှစ်သတ်ခဲ့တာဖြစ်ပြီးတော့ တောထဲမှာ အလောင်းကိုမြှုပ်ထားခဲ့တာပဲဖြစ်တယ်

Kovalenko ပျောက်သွားတဲ့နောက် သူ့သူငယ်ချင်းတွေက လိုက်ရှာခဲ့ကြတယ် ။

ရဲတွေက သူနဲ့အတူရှိခဲ့တဲ့ လူကို ခြေရာခံနိုင်ခဲ့တယ် ။

ရဲတွေက ဒီလူကိုစစ်မေးတဲ့အခါမှာ Kovalenko နဲ့ဆိုင်မှာတွေ့ဆုံပြီးတော့ သူ့အိမ်ပြန်သွားတယ်လို့ပဲ ဖြေကြားခဲ့တာဖြစ်တယ် ။
ဒါပေမယ့် CCTV စစ်ဆေးချက်တွေအရ နှစ်ယောက်လုံး ကားဂိုထောင်ဆီသွားခဲ့ကြတာကို တွေ့ရှိရတယ် ။
ထို့အပြင် Kovalenko ရဲ့အလောင်းကို ကားဂိုထောင်ထဲက ထုတ်လာတာကိုလည်း CCTV မှာတွေ့ခဲ့ကြတယ် ။

Kovalenko ရဲ့ကလေးသုံးယောက်ကိုတော့ သူတို့အဖေလက်ထဲအပ်လိုက်ပြီဖြစ်တယ် ။

ကလေး ၃ ယောက်လုံးဟာ ၁၁ နှစ်တောင်မပြည့်သေးပါဘူး ။
သက်သေတွေအခိုင်အလုံရှိပြီးတဲ့အချိန်မှာတော့ တရားခံဆီက ဖြောင့်ချက်ရယူနိုင်ခဲ့ပါတယ် ။
ထို့အပြင် အလောင်းကိုမြှုပ်ထားတဲ့နေရာကိုပါ ရဲတွေကိုပြခဲ့ပါတယ် ။
တရားရုံးက အမိန့်ချပြီးသွားရင်တော့ လူသတ်သမားဟာ ထောင်ထဲမှာ ၁၅ နှစ်လောက်နေရမှာဖြစ်တယ် ။

Credit – mmpost

 

Related posts