ကျန်းမာရေး 
အသဲရောင် အသားဝါBပိုး Cပိုး ရောဂါ ဖြစ်နေသူများအတွက် ဝမ်းသာစရာ လက်တွေ့ပျောက်ခဲ့သော ဆေးနည်း လေး
Read More
ကျန်းမာရေး 
ကျောက်ကပ်မကောင်းဘူးဆိုတာ သိနိုင်တဲ့အချက်များ
ကျောက်ကပ်မကောင်းဘူးဆိုတာ သိနိုင်တဲ့အချက်များ ကျွန်တော်တို့ရဲ့ ကိုယ်ခန္တာ ဟာ များစွာသော လူပ်ရှားမူတွေကို ထမ်းဆောင်ပါတယ်။ ဒီလို အလုပ်များလှတဲ့ နေ့စဉ် ဘဝကြီးမှာ ရှင်သန်ရတာဟာ ကိုယ့်ခန္တာကိုယ်က ပို့လွတ်တဲ့ အချက်လက်တွေကို သတိ မထားမိတတ်စေဘဲဖြစ်စေပါတယ်။ ဒါကြောင့်ကိုယ်ခန္တာ ထဲက အစိတ်ပိုင်းတစ်ခု ကောင်းကောင်းအလုပ်မလုပ်တဲ့အခါ ဘာတွေဖြစ်တတ်လဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ကျွန်တော်တို့ကိုယ်ခန္တာ ထဲက ကျောက်ကပ် ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ ဘာတွေ သိသာတဲ့ ဖြစ်စဉ်တွေဖြစ်လာမလဲဖတ်ကြည့်လိုက်ရအောင်နော်။ ကောင်းကောင်းအိပ်မပျော် ကျွန်တော်တို့တွေ ကောင်းကောင်းအိပ်မပျော် တဲ့အခါ ကိုယ်ခန္တာထဲက အဆိပ်တွေဟာ ဆီးကနေဖြတ်ပြီး ကိုယ်ခန္တာထဲမှာ မရှိနိုင်ပေမယ့် သွေးထဲမှာ ရှိနေတယ်ဆိုတဲ့သဘောပါ။ ကိုယ်ခန္တာထဲက အဆိပ် level မြင့်လာလေ အိပ်ပျော်ဖို့ခက်ခဲလေပါပဲ။ ခေါင်းကိုက်ခြင်း၊ မေားပန်းနွမ်းနယ်ခြင်း ပုံမှန်ကျန်းမာနေတဲ့ ကျောက်ကပ်များဟာ ကျွန်တော်တို့ကိုယ်ခန္တာက အရိုးတွေ သန်မာစေဖို့ Erythropoietin (EOP) ဆိုတဲ့ ဟော်မုန်းတွေထုတ်ပေးပါတယ်။ အဲ့ဒီဟော်မုန်းတွေဟာ ကိုယ်ခန္တက သွေးနီဥ တွေထုတ်လုပ်မူမှာ အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။ ကျောက်ကပ်မကောင်းချိန်မှာတော့ သူတို့က EOP အနည်းငယ်သာထုတ်ပေးပါတယ်။ သွေးနီဥဆဲလ်တွေ လျော့ကျလာတယ် (အောက်ဆီဂျင်သယ်ဆောင်လာသော) ပြီးတော့ ကြွက်သားနဲ့ဦးနှောက် ရဲ့ အလွန်ပင်ပန်းနွမ်းနယ်မူကိုဖြစ်စေပါတယ်။ အသားရေ ခြောက်သွေ့ယားယံခြင်း ကောင်းမွန်တဲ့ကျောက်ကပ်ဟာ သွေးထဲက မလိုအပ်တဲ့ အဆိပ်တောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးနီဥဆဲလ်တွေ ထုတ်ပေးဖို့တော့ ကူညီပေးပါတယ်။ နောက်ပြီး ကိုယ်ခန္တာထဲက…
Read More
ကျန်းမာရေး 
မနက်ပိုင်းလုပ်တာထက် ညဖက်မှာ ပြုလုပ်ပေးရင်ပိုပြီးကောင်းတဲ့အရာများ
အားလုံးပဲမင်္ဂလာပါနော်။ မနက်ခင်းမှာ လုပ်တတ်တဲ့အကျင့်လေးတွေ ၊ အပြုအမူတွေအများကြီးရှိပါတယ်။ ဒါပေမယ့် တချို့အမူအကျင့်လေးတွေက ညဖက်၊ ညနေဖက်မှာ လုပ်ရင်ပိုပြီးကောင်းပါတယ်။ သုတေသနပြုချက်အရ မနက်ပိုင်းမှာလုပ်တာထက် ညဖက်မှာလုပ်တာ ပိုပြီးကောင်းတဲ့အရာတွေကို မျှဝေပေးချင်ပါတယ်။ ၁။ အသားစားခြင်း ၂။ လမ်းလျှောက်ခြင်း ၃။ မနက်ဖြန်အတွက် အစီအစဉ်ရေးဆွဲခြင်း၊ စဉ်းစားခြင်း ၄။ မနက်ဖြန်ဝတ်မယ့်အဝတ်အစားတွေ ပြင်ဆင်ခြင်း ၅။ ယောဂလေ့ကျင့်ခန်းလုပ်ခြင်း ၆။ ရေချိုးခြင်း ၇။ စာဖတ်ခြင်း ၈။ ညအိပ်ယာမဝင်ခင် ကီဝီသီးစားပါ ၉။ သစ်သီးဖျော်ရည်သောက်ခြင်း ၁၀။ ခေါင်းဖြီးခြင်း ၁၁။ တစ်နေ့တာလုံးလုပ်ခဲ့သမျှကို ပြန်သုံးသပ်ခြင်း Credit: BrightSide  
Read More
ကျန်းမာရေး 
မနက်ဖြန်တိုင်းမှာ သင့်ကိုပိုပြီးလှပစေမယ့် ကြက်ဥအကာ
ကြက်ဥအကာက သင့်အသားအရေအတွက် များစွာအကျိုးကျေးဇူးရှိနေတယ်ဆိုတာကို သင်သိပါသလား။ သင့်အသားအရေကို ပိုပြီး ကြည်လင်လှပစေမှာဖြစ်ပါတယ်။ ဒ့ါအပြင် ကျန်းမာစေလို့ အသားအရေကို စိုပြေစေမှာပါ။ ၁။ အရေးအကြောင်းတွေကို လျော့ပါးသက်သာစေဖို့ ကြက်ဥအကာဟာ သင့်မျက်နှာအသားအရေပေါ်က အရေးကြောင်းတွေကို လျှော့ချပေးပါတယ်။ ကြက်ဥအကာ တစ်လုံး အုတ်ဂျုံ စားပွဲတင်ဇွန်း ၁ ဇွန်း ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း အရင်ဆုံး မျက်နှာကို ရေနွေး၊ ဆပ်ပြာနဲ့ သေချာသစ်လိုက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲထည့်ပြီး ရောလိုက်ပါ။ အဲဒီနောက် မျက်နှာပေါ်မှာ လိမ်းပေးပါ။လိမ်းပေးပြီးရင် လက်ချောင်းလေးနဲ့ ဖြည်းဖြည်းချင် ပွတ်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချပါ။ ပြီးရင် ရေအေးနဲ့ ပြန်ဆေးချပါ။ အဲဒီနောက် တဘက်နဲ့ သေချာသုတ်ပေးပြီး Moisturizer လိမ်းပေးလိုက်ပါ။ ၂။ အသားအရေကို စိုပြေစေဖို့ ညအိပ်ယာမဝင်ခင်မှာ လုပ်ပေးသင့်တဲ့ နည်းလမ်းပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။ ပါဝင်ပစ္စည်း ကြက်ဥအကာ ၁ လုံး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ပါဝင်ပစ္စည်းတွေအားလုံးကို သေချာရောလိုက်ပါ။ ပြီးရင် မျက်နှာကို ရေနွေး ၊ ဆပ်ပြာနဲ့ သေချာသစ်လိုက်ပါ။ အဲဒီနောက် သင့်မျက်နှာနဲ့ လည်ပင်းကို စောစောကရောထားတာကို လိမ်းလိုက်ပါ။ ၁၀…
Read More
ကျန်းမာရေး 
လူတိုင်းသိထားသင့်သော ရေခဲရေ (သေမင်း) အကြောင်း သိကောင်းစရာ
လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပ ဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက်ခိုင်းလိုက်ရသည်ဟု သိရသည်။ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler စက်မှယူပြီး တစ်စွက်စွက်နဲ့ သောက်လေ့ရှိသော မိသားစုတစ်စု ရှိသည်။ သူတို့တစ်အိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖု အပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။ ၂ နှစ် ၃ နှစ် အရွယ်ကလေးများမှာ ရေခဲရေ သောက်ပြီး ခေါင်းတွင် အပူဖုကြီးများ ထွက်ပြီး အချို့အဖုကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။ရေခဲရေကို လေဖြင့် မှုတ်ပေးနေသည့် ပန်ကာ တစ်မျိုး Air Cooler…
Read More
ကျန်းမာရေး 
အရမ်း တန်​ဖိုးရှိတဲ့ ဆေးမြီးတိုမှတ်စု​လေး
၁။ သွေးတိုးလို့  သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ( ၁၅ ) မိနစ်ခန့် ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာရောမွှေသောက်လိုက်ပါ။သွေးကျဆေး အထူး သောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေပါသည်။၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့ တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။ ၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့် ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ်ထည့်ပြီးသောက်ပါ။တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။၎။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့် ပြုပြီး ပျားရည်နှင့်သောက်ပါ။ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ သုပ်စာထို့ အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့် နှစ်ဆတို့ ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့် နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။ ၆။ သွားကိုက် သွားဖုံးရောင် သွားပြည်ယိုဖြစ်လျှင်မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။သက်သာပျောက်ကင်းစေပါသည်။( မှတ်ချက် ) မာလကာစေ့ခြောက်မှုန့် ကိုသွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာပျောက်ကင်းစေပါသည်။၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာပျောက်ကင်းစေပါသည်။၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့်ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်ကြမ်း လုပ်သောက်ပါ ၊ သက်သာပျောက်ကင်းစေသည်၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင်…
Read More
ကျန်းမာရေး 
သွားချေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်သော အစွမ်းထက်နည်းလမ်း (6) ခု
လူတစ်ယောက်မှာ အဆွဲဆောင်နိုင်ဆုံးသော အချက်ကတော့ သူ့ရဲ့အပြစ်ကင်းတဲ့ အပြုံးတစ်ချက် ဖြစ်နိုင်ပါတယ်။ ကံဆိုးစွာပဲ ဆေးလိပ်သောက်ခြင်း၊ ကဖင်းဓာတ် လွန်ကဲစွာ စားသုံးခြင်းနဲ့ သွားကို သေချာဂရုမစိုက်ခြင်း စတာတွေကြောင့် သွားကို ထိခိုက်စေနိုင်ပါတယ်။ နေ့စဉ် လုပ်နေကျ အလေ့အကျင့်လေးတွေကနေပြီး သွားချေးဖြစ်ခြင်း ကဲ့သို့သော သွားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သွားပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။ 1. မုန့်ဖုတ်ဆိုဒါ –မုန့်ဖုတ်ဆိုဒါကို သဘာဝကြေးချွတ်ဆေးအဖြစ်နဲ့ သုံးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း တစ်ဇွန်းကို ဆားအနည်းငယ်နဲ့ ရောပြီး သွားတိုက်တံကို ရေစွတ်ကာ ဒီအမှုန့်အရောနဲ့ သွားတိုက်ပေးပါ။2. ပိုပြီးအစွမ်းထက်တဲ့ သဘာဝသွားတိုက်ဆေး ရဖို့အတွက်ဆိုရင် –• ရေတစ်ခွက်• မုန့်ဖုတ်ဆိုဒါ ခွက်တစ်ဝက်• ရှားစောင်းလက်ပတ်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း• သံပုရာဆီ စားပွဲတင်ဇွန်း တစ်ဇွန်း ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး သွားတိုက်ဆေးအဖြစ် သုံးခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း သွားတွေကို ဖြူဖွေးတောက်ပြောင်ပြီး ကျန်းမာစေနိုင်ပါတယ်။ 3. လိမ္မော်ခွံ==လိမ္မော်သီး စားပြီးရင် သွားကို လိမ္မော်ခွံနဲ့ ပွတ်တိုက်ပေးခြင်းက သွားရဲ့ကြွေလွှာတွေကို သန့်စင်စေတဲ့ လွယ်ကူသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းက သွားကို ဖြူဖွေးစေပြီး အရောင်စွဲခြင်းကို ကာကွယ်ကာ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ မိနစ် အနည်းငယ်ကြာအောင် ပွတ်တိုက်ပြီးနောက် ရေအနည်းငယ်နဲ့ ဆေးချပါ။4. နှမ်း=နောက်တစ်နည်းကတော့ နှမ်းလက်တစ်ဆုပ်ကို မိနစ်အတော်ကြာ ဝါးပြီးနောက်…
Read More
ကျန်းမာရေး 
သင်္ကြန်မှာ မျက်ကပ်မှန်တပ်ပြီးကဲဖို့ စဉ်းစားထားရင်တော့ ဒီအချက်တွေဖတ်ထားသင့်တယ်နော်
အခုနောက်ပိုင်း ပျိုမေတွေကြားမှာ ဖက်ရှင်နဲ့ပတ်သက်ပြီး မျက်လုံးအလှအပကို ပိုပြီးဦးစားပေးလာကြပြီး မျက်ကပ် မှန်ကို ဖက်ရှင်အနေနဲ့တပ်တဲ့သူတွေရှိလာပါတယ်။ ဒါ့အပြင် မျက်မှန်သမားတွေလည်း ပွဲလမ်း သဘင်လိုနေ ရာတွေမှာ မျက်ကပ်မှန်ကိုအရေးပေါ်အနေနဲ့တပ်လာကြပါတယ်။ ဒါကြောင့်မျက်ကပ်မှန်နဲ့ပတ်သက်ပြီး သိထား သင့်တဲ့အချက်တွေထဲကမှ မျက်ကပ်မှန်တပ်ပြီး ရေကူးလို့ရလား၊ ရေနဲ့ထိလို့ရလားဆိုပြီး မေးနေကြတဲ့ သူတွေအတွက် ဗဟုသုတလေးတွေ ကိုမျှဝေပေး လိုက်ပါတယ်။ မျက်ကပ်မှန်တပ်ပြီး ရေထိရင် အန္တရာယ်ရှိနိုင်လား သေချာပေါက် အန္တရာယ်ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်သန့်စင်ထားတဲ့ရေပဲဖြစ်ဖြစ် ဘက်တီးရီး ယားပါဝင်မှုမှာ ရာနှုန်းပြည့်စိတ်မချရပါဘူး။ အထူးသဖြင့် သင်္ကြန်ရေစိုကြမယ့် သူတွေအနေနဲ့ မသန့်ရှင်းတဲ့ရေနဲ့ မလွဲမသွေထိတွေ့ရမှာဖြစ်ပါတယ်။ ရေထဲမှာ ဘက်တီးရီးယားတွေပါဝင်တဲ့အတွက် မျက်ကပ်မှန်သာတပ်ထား မယ်ဆိုရင် မျက်လုံးကို အလွယ်တကူပိုးမွှားကူးစက်ခံရပြီး မျက်လုံးမှိုစွဲတာ၊ ယာယံတာတွေဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန်တပ်ပြီးရေထိရင် ဘာလုပ်ရမလဲ တကယ်လို့မျက်ကပ်မှန်တပ်မယ်ဆိုရင်လည်း မျက်ကပ်မှန်နဲ့ ရေနဲ့တိုက်ရိုက်ထိတွေ့မှုမရှိအောင် မျက်ကပ်မှန် တပ်ပြီးရင် နေကာ၊ ရေကာမျက်မှန်ကိုအပေါ်ကထပ်ပြီးတပ်ပေးဖို့လိုပါတယ်။ ဒါဟာ မျက်လုံးကျန်းမာရေးအတွက် စိတ်ချရတဲ့အနေအထားမဟုတ်ပေမယ့် ကာကွယ်မှုတစ်ခုဖြစ်လို့ မျက်လုံးထိခိုက်မှုအတွက်သက်သာစေပါတယ်။ အဲဒီလို အကာအကွယ်တပ်ထားပေမယ့် မျက်ကပ်မှန်နဲ့ရေထိသွားရင်တော့အဲဒီမျက်ကပ်မှန်ကိုအချိန်ကြာကြာတပ် မထားသင့်တော့ပါဘူး။ ပြီးတော့ ကိုယ်သုံးနေကျ မျက်ကပ်မှန်ဆိုလူးရှင်းအရည်ထဲမှာ နှစ်ထားပြီးဆေးသင့်ပါတယ်။ အဲဒီအစား ခဏတဖြုတ်အနေနဲ့ တစ်ခါသုံးမျက်ကပ်မှန်ကိုအစားထိုးသုံးနိုင်ပါတယ်။ မျက်ကပ်မှန်အတွက် ရေသန့်လည်းစိတ်မချရပါ မျက်ကပ်မှန်အတွက် သီးသန့်ထုတ်ထားတဲ့ Solutionအရည်ကိုသာသုံးပြီး ဆေးကြောသင့်ပါတယ်။ နေ့စဉ်သောက် သုံးနေတဲ့ ရေသန့်သည်လည်း မျက်ကပ်မှန်အတွက် စိတ်မချရပါဘူး။ ဒါ့အပြင် ရေနွေးငွေ့နဲ့တိုက်ရိုက်ထိတွေ့တာ၊ Spring Waterလို့ခေါ်တဲ့ PH Levelစိတ်ချရတဲ့ရေကလည်း…
Read More
ကျန်းမာရေး 
ဝက်ခြံ ၊ ဆားဝက်ခြံ နှင့် ချွေးပေါက်ကျယ်တာတွေအတွက် အစွမ်းထက် ခရမ်းချဉ်သီး နည်းလမ်း – လက်တွေ့စမ်းကြည့်ပါ။
ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့ lycopene ဓါတ်ဟာ အရေပြားအတွက် အထူးပင်ကောင်းမွန်မှု ရှိပါတယ် ။ ဒါေ့ကြာင့် အသားအရေလှချင်ရင် ခရမ်းချဉ်သီး များများစားပါလို့ ပြောကြတာ ဖြစ်ပါတယ် ။ ခရမ်းချဉ်သီးဟာ အရေပြား အတွင်းရော အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံ ၊ ဆားဝက်ခြံတွေကို အထူးပျောက်ကင်းစေနိုင်ပြီး ချွေးပေါက်ကျယ်တွေကိုလည်း ကျဉ်းစေနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ အသားအရေကိုလည်း ပိုပြီး ဖြူလာစေပါတယ် ။ ခရမ်းချဉ်သီးနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင် .. ၁။မျက်နှာအသားအရေ ကြည်လင်ဖြူဖွေးဖို့အတွက် ခရမ်းချဉ်သီး နှင့် သကြား ပထမဦးစွာ သကြားလက်ဖက်ရည် ၂ဇွန်းကို ခွက်တစ်ခုထဲ ထည့်ထားပါ ။ ထို့နောက် ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အသုံးပြုမယ့် တစ်ခြမ်းကို သကြားခွက်ထဲ ၂မိနစ်ခန့် နှစ်ထည့်ထားပါ ။ ပြီးသွားလျှင်တော့ မျက်နှာအနှံ့ ပွတ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ပိုမိုဖြူဖွေးစေကာ ဆားဝက်ခြံ ၊ ဝက်ခြံတွေကို သိသာစွာ ပျောက်ကင်းစေပါတယ်။ ၂။နေလောင်ဒဏ်အတွက် ခရမ်းချဉ်သီးနှင့်ဒိန်ချဉ် အကြောင်းအမျိုးမျိုးကြောင့် အရေပြားမှာ နေလောင်ရာတွေနဲ့ အသားအရေ ညိုမဲညစ်နေသူများ သုံးသင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့်…
Read More
ကျန်းမာရေး 
နားထဲသို့.. ရေ၀င်ပြီး ပြန်မထွက်ခဲ့ရင်
zawgyi ===== နားထဲသို့.. ရေ၀င်ပြီး ပြန်မထွက်ခဲ့ရင်… သင်္ကြန်ရေကစားရင်း နားထဲရေ၀င် သွားခဲ့ရာက.. အကြိမ်ကြိမ် ခုန်ပေါက်ပေးခြင်း..နားကို စောင်းပြီး အိပ်ခြင်းများ မျိုးစုံဖြင့်ကြိုးစားသော်လည်း ရေပြန် မထွက်သဖြင့် နားတစ်ဖက် လေးသွားဖူးသည် ဟု ဆိုသည် ။ မျက်စိမှာ ရေ.. နားမှာ ဆီ.. ဒန္တီမှာ ဆား.. ၀မ်းမှာ ခါး ဆိုသည့်အတိုင်း နားအတွင်း တစ်စုံတစ်ခု ၀င် လျှင် ဆီထည့်ပေးရပါသည်၊ စာရေးသူ ကိုယ်တိုင် သင်္ကြန်တွင်း ရေပူပေါင်းကြောင့် ညာဘက် နား ထင်ထိပြီး.. နားထဲ ရေ၀င်ကာ နားအုံ ရောင်ပြီး… နားကိုက်ခဲ့သည် ။   မိတ်ဆွေတစ်ဦး၏နည်းလမ်းအတိုင်း… ………………………………………………………… မုန်ညင်း … ဆီစစ်စစ်..သို့ နှမ်းဆီစစ်စစ် ကိုသုံးပါ ကြေးဇွန်း တစ်ချောင်းတွင် ဆီ တစိဇွန်းခန့် ခပ်ပါ အောက်ခြေမှဖယောင်းတိုင် မီးဖြင့် အပူပေးပါ . . တမိနစ် အတွင်းဆီများ ဆူပွက်လာပါမည် ၊ ပူနေ သောဆီကို အအေးခံပြီး.. ခပ်နွေးနွေး အနေထား တွငိနားအတွင်းသို့ လောင်းထည့်ပါ ၊ ခဏကြာရင် ပြန်စောင်းပြီး နားထဲမှ ဆီပြန်ထွက်အောင် ပြုလုပ် ပါ ၊ ၀င်သွားသည့် ရေမှာ ဆီနှင့် အတူရောပြီး ပြန်…
Read More